Skip to main content

Posts

Showing posts with the label #ကပ်α€€ြေးα€€ိုα€€်α€œုပ်α€”α€Š်း ( ၃ ပွဲα€…ာ)

#ကပ်α€€ြေးα€€ိုα€€်α€œုပ်α€”α€Š်း ( ၃ ပွဲα€…ာ)πŸ’•πŸ’•πŸ’•

  #ကပ်α€€ြေးα€€ိုα€€်α€œုပ်α€”α€Š်း ( ၃ ပွဲα€…ာ) ကပ်α€€ြေးα€€ိုα€€်α€€ြော်α€”α€Š်း α€α€€α€š့်ထစစ်ကတော့ ပင်α€œα€š်α€…ာထစုံα€”ဲ့ပါ။ ပင်α€œα€š်α€…ာ ၃ α€™ျိုး၊ α€€ြα€€်α€žား၊ ၀က်ထူချောင်းတို့α€”ဲ့α€€ြော်ထားပါα€α€š်။ ကပ်α€€ြေးα€€ိုα€€် ကတော့ α€œူတိုင်းα€”α€Š်းပါးα€€ြိုα€€်α€€ြပါα€α€š်။ α€žူ့α€‘α€›α€žာα€€ ချဉ်စပ်α€œေးα€”ဲ့ပဲပြုတ်α€…ိα€™့်α€…ိα€™့်α€œေးα€”ဲ့ထရမ်းα€€ောင်းပါα€α€š်။ α€œုပ်α€…ားα€€ြα€Š့်ရထောင်α€”ော်။ ပါ၀င်α€žောပစ္α€…α€Š်းα€™ျား ၁။ ကပ်α€€ြေးα€€ိုα€€်ခေါα€€်ဆွဲ (α€žို့) α€Šှပ်ခေါα€€်ဆွဲ - ၂၅ α€€ျပ်α€žား (α€žို့) ၁ ပေါင် ၂။ ခေါင်းမပါα€žော ပုဇွα€”် - ၁၀ α€žား ၃။ ပြα€Š်α€€ြီးငါး - ၅ α€€ျပ်α€žား ၄။ ဂဏာα€”်းα€‘α€žား - ၅ α€€ျပ်α€žား ၅။ α€€ြα€€်α€žား - ၅ α€€ျပ်α€žား ၆။ ၀က်ထူချောင်း - ၅ α€€ျပ်α€žား ၇။ ပဲပြုတ် - α€œα€€်တဆုပ်α€…ာ ၈။ ပဲပင်ပေါα€€် - α€œα€€်တဆုပ်α€…ာ ၉။ ဆီ - ထမင်းα€…ားဇွα€”်း ၆ ဇွα€”်း ၁၀။ ပထုα€”်းα€›α€Š် - ထမင်းα€…ားဇွα€”်း ၃ ဇွα€”်း (α€™α€›ှိα€œျှင် α€›ှာα€œα€€ာα€›α€Š်α€€ို α€‘α€žုံးပြုα€”ိုင်ပါα€α€š်။) ၁၁။ ငံပြာα€›α€Š် - ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း ၁၂။ ပဲငံပြာα€›α€Š် - ထမင်းα€…ားဇွα€”်း ၂ ဇွα€”်း ၁၃။ α€žα€€ြား - ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း ၁၄။ ပဲငံပြာα€›α€Š်ထပျα€…် (α€€ြာα€Šို့) - α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၁ ဇွα€”်း ၁၅။ α€€ြα€€်α€žားα€™ှုα€”့်- α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၁ ဇွα€”်း ၁၆။ ငရုတ်α€žီး ထကြα€™်းα€™ှုα€”့်- ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း (ထစပ်α€™α€€ြိုα€€်α€œျှင် α€œျော့α€‘α€Š့်ပါ။) ၁၇။ α€€ွα€€ျα€₯ - ၂ α€œုံး ( ထမင်းα€…ာ...