Skip to main content

Posts

Showing posts with the label မုန့်လုံးကြီးဆီစိမ် (၂၀ ခုစာအတွက်)

မုန့်လုံးကြီးဆီစိမ် (၂၀ ခုစာအတွက်)

 မုန့်လုံးကြီးဆီစိမ် (၂၀ ခုစာအတွက်) မုန့်လုံးကြီးဆီစိမ်ကတော့ လူကြိုက်များပြီး စားလို့ကောင်းတဲ့ မြန်မာမုန့်တမျိုးပါ။ မုန့်လုံးကြီးကိုဆီထည့်စိမ်ရင် ရိုးရိုးဆီကိုသုံးတာထက် အုန်းသီးကြော်ထားတဲ့ဆီကိုသုံးရင်ပိုကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ ပါဝင်သောပစ္စည်းများ ၁။ ကောက်ညှင်းမှုန့်- ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း ၂။ ဆန်မှုန့်- ထမင်းစားဇွန်း ၈ ဇွန်း ၃။ ရေ - ထမင်းစားဇွန်း ၁၈ ဇွန်း ၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ အုန်းယိုအတွက် ၅။ အုန်းသီးခြစ်ဖတ် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း ၆။ သကြား - ထမင်းစားဇွန်း ၅ ဇွန်း ၇။ ရေ - ထမင်းစားဇွန်း ၈ ဇွန်း အုန်းသီးကြော်အတွက် ၈။ ဆီ - ထမင်းစားဇွန်း ၁၂ ဇွန်း ၉။ အုန်းသီးခြစ်ဖတ် - ထမင်းစားဇွန်း ၁၀ ဇွန်း (၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml) ပြုလုပ်နည်း ၁။ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ ရေ ထမင်းစားဇွန်း ၁၈ ဇွန်း တို့ကိုဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။ (ရေခြောက်နေလျှင် ရေကိုထမင်းစားဇွန်း ၁ ဇွန်းဆီထည့်ပြီး၊ မုန့်နှစ်စိုစိုကြီး...