Skip to main content

တာလပေါ့ဟင်း


 တာလပေါ့ဟင်း

ကရင် ရိုးရာ ဟင်းတခွက်

ဒီလို အချိန်မှာ ချက်စား သင့် တယ်

အစစ အရာရာ ဈေးတက်နေချိန် လဲ ဖြစ်

ပြီးတော့ မိုးရာသူ မှာ ပုဇွန်ဆိတ် ကလည်း

ဈေး အသင့် အတင့် မို့

မျှစ်လေးနဲ့ ရောပြီး

တာလပေါ့ ဟင်းလေး ချက်ပါတယ်

ဆီ တစက်လေးမှ ထည့်ဖို့ မလိုပါ

ချက်နည်းလေး ကတော့...

မျှစ်                      ပြုပ်ထားပါ

စပါးလင်               ဓားပြားရိုက်ထားပါ

ပုဇွန်ဆိတ်            ခေါင်းဖြုတ်ပြီး ရေအကြိမ်ကြိမ်ဆေးပါ

ဆန်                      ရေဆေးပြီး, နီရဲလာအောင်လှော်ပါ,ပြီးရင်ထောင်းထားပါ

ဆူးပုပ်ရွက်           ချွေထားပါ

ဒညှင်းသီး             ရေ၂-၃ ကြိမ် ရေလဲပြီး ပြုပ်ပါ

ငပိရေချို ( ငရုပ်သီးစိမ်း, အကျက်မူန့် နဲ့ ဖျော်ပြီးသား)

ဆား

အရသာမူန့်

ပင်စိမ်း

ချက်နည်း အဆင့်ဆင့်

ပြုပ်ထား တဲ့ မျှစ်ကို ပါးပါးလှီးထားပါ

ချက်မဲ့ အိုးထဲကို ရေထည့်ပြီး တည်ထားပါ

လှီးထား တဲ့ မျှစ်, စပါးလင် နဲ့ ဆန်လှော် မူန့် ထည့်ပြီး

တည်ထားပါ

ဆန်လှော်မုန့် ပွလာတာနဲ့

ပုဇွန်ဆိတ်, ငပိရေချို. ဆား အရသာမူန့်ထည့်ပါ

ပြီးရင် ဆူးပုပ်ရွက် နဲ့ လှီးထားတဲ့

ဒညှင်းသီး ထည့် ချက်ပါ

နောက်ဆုံးမှာ 

ပင်စိမ်း ထည့်ပါ

ဒါဆိုရင်

မွှေးမွှေး စပ်စပ် မျှစ်တာလပေါ့ ဟင်း

ရပါပြီ

#တာလပေါ့ဟင်း

#ကရင်ရိုးရာဟင်း

#artoflivingbymyintootha

#foodconsultant

#တိုင်းရင်းသားဟင်း

#withoutoilcooking

#ဆီမပါတဲ့ဟင်း

Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...