ငရုတ်သီးနှမ်းကပ်ကြော်နည်း❤ ဒီနေ့တော့ ငရုတ်သီးနှမ်းကပ်ကြော် ဘယ်လိုကြော်လဲဆိုတာပြောပြပေးပါမယ်ရှင်။ ပထမဉီးဆုံး ငရုတ်သီးခြောက်တွေကို ထိပ်လေးတွေချန်ပြီး အလယ်က ခြမ်းပေးထားလိုက်ပါ။ ပြီးရင် အစေ့တွေကို ထုတ်ပေးလိုက်ပါမယ်။ ပြီးတာနဲ့ ရေနွေးပွက်ပွက်ဆူထဲကို နာရီဝက်လောက် ထည့်ပြုတ်လိုက်ပါ။ ပြီးရင် ပြန်ဆယ်လိုက်ပြီး ရေဆေးပေးပါမယ်။ ရေဆေးတဲ့နေရာမှာလည်း ရေကို 4/5ထပ်လောက်ဆေးပေးပါ။ ဒါမှ ငရုတ်သီးရဲ့အစပ်အရသာတွေပျောက်ပြီး စားကောင်းမှာပါ။ ရေဆေးပြီးရင် ရေပြောင်အောင် စစ်ထားပါမယ် ရေတွေခြောက်သွားပြီဆိုရင် ငရုတ်သီးတွေကို ဇလုံခပ်ကြီးကြီးတစ်ခုခုထဲ ထည့်လိုက်ပါ။ ငရုတ်သီးဇလုံထဲကို ကြက်သားမှုန့်၊ ဆား၊ အကြော်မှုန့်၊ ဆန်မှုန့်နဲ့ နှမ်းတွေထည့်ပြီး သေချာနှံ့စပ်အောင် ရောနယ်လိုက်ပါမယ်။ (မြေပဲကြိုက်ရင် မြေပဲပါထည့်လို့ရပါတယ်) အဲ့နောက်မှာ အိုးထဲကို ဆီခပ်များများထည့်လိုက်ပါ။ ဆီပူလာပြီဆိုတာနဲ့ နယ်ထားတဲ့ ငရုတ်သီးတွေထည့်ကြော်လိုက်ပါမယ်။ ငရုတ်သီးကြော်ပြီဆိုရင် မီးအေးအေးနဲ့ ကြော်ပေးပါ။ ဒါမှ ဗူးထဲထည့်ထားလည်း ကြွပ်ရွပြီး စားကောင်းနေစေမှာပါ။ ငရုတ်သီးတွေ ရွှေဝါရောင်ပြောင်းပြီး ကြွပ်ရွလာရင် ဆယ်လို့ရပါပ...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈