Skip to main content

ငရုတ်သီးနှမ်းကပ်ကြော်နည်


 ငရုတ်သီးနှမ်းကပ်ကြော်နည်း❤

ဒီနေ့တော့ ငရုတ်သီးနှမ်းကပ်ကြော် ဘယ်လိုကြော်လဲဆိုတာပြောပြပေးပါမယ်ရှင်။ 

ပထမဉီးဆုံး ငရုတ်သီးခြောက်တွေကို ထိပ်လေးတွေချန်ပြီး အလယ်က ခြမ်းပေးထားလိုက်ပါ။ ပြီးရင် အစေ့တွေကို ထုတ်ပေးလိုက်ပါမယ်။ ပြီးတာနဲ့ ရေနွေးပွက်ပွက်ဆူထဲကို နာရီဝက်လောက် ထည့်ပြုတ်လိုက်ပါ။

ပြီးရင် ပြန်ဆယ်လိုက်ပြီး ရေဆေးပေးပါမယ်။ ရေဆေးတဲ့နေရာမှာလည်း ရေကို 4/5ထပ်လောက်ဆေးပေးပါ။ ဒါမှ ငရုတ်သီးရဲ့အစပ်အရသာတွေပျောက်ပြီး စားကောင်းမှာပါ။ 

ရေဆေးပြီးရင် ရေပြောင်အောင် စစ်ထားပါမယ် 

ရေတွေခြောက်သွားပြီဆိုရင် ငရုတ်သီးတွေကို ဇလုံခပ်ကြီးကြီးတစ်ခုခုထဲ ထည့်လိုက်ပါ။ ငရုတ်သီးဇလုံထဲကို ကြက်သားမှုန့်၊ ဆား၊ အကြော်မှုန့်၊  ဆန်မှုန့်နဲ့ နှမ်းတွေထည့်ပြီး သေချာနှံ့စပ်အောင် ရောနယ်လိုက်ပါမယ်။ 

(မြေပဲကြိုက်ရင် မြေပဲပါထည့်လို့ရပါတယ်)

အဲ့နောက်မှာ အိုးထဲကို ဆီခပ်များများထည့်လိုက်ပါ။ ဆီပူလာပြီဆိုတာနဲ့ နယ်ထားတဲ့ ငရုတ်သီးတွေထည့်ကြော်လိုက်ပါမယ်။ ငရုတ်သီးကြော်ပြီဆိုရင် မီးအေးအေးနဲ့ ကြော်ပေးပါ။ ဒါမှ ဗူးထဲထည့်ထားလည်း ကြွပ်ရွပြီး စားကောင်းနေစေမှာပါ။ 

ငရုတ်သီးတွေ ရွှေဝါရောင်ပြောင်းပြီး ကြွပ်ရွလာရင် ဆယ်လို့ရပါပြီ။ ဒါဆို သိပ်စားကောင်းတဲ့ ငရုတ်သီးနှမ်းကပ်ကြော်လေးရပါပြီ။ 

မှတ်ချက်။ ။ ငရုတ်သီးနှမ်းကပ်ကြော်လုပ်ရင် အရမ်းပူလို့ လက်အိတ်နဲ့လုပ်ပေးပါ။ 

အားလုံးပဲ ဒီအခြေအနေဆိုးတွေက အမြန်ဆုံးလွတ်မြောက်ပါစေရှင်။

#ငရုတ်သီးနှမ်းကပ်ကြော်

Crd

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...