Labels

Showing posts with label မုန့်လင်မယား လုပ်နည်း. Show all posts
Showing posts with label မုန့်လင်မယား လုပ်နည်း. Show all posts

Friday, August 19, 2022

မုန့်လင်မယား လုပ်နည်း


 မုန့်လင်မယား  လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါပီနော် 😊 (မုန့်အုပ်ကလေး လို့လည်း ခေါ်ကြပါတယ်)

မုန့်လင်မယား

----------------

ပါဝင်ပစ္စည်းများ

• မွှေးဆန်အစိမ်းမှုန့်  -  ၄၅၀ ဂရမ်

• မွှေးကောက်ညှင်းမှုန့်  -  ၅၀ ဂရမ်

• မွှေးပဲစိမ်းမှုန့်  -  ၂၅ ဂရမ်

• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• ချင်းရည်  -  စားပွဲဇွန်း ၁ ဇွန်း

• ရေ  -  ၆ဝဝ မီလီလီတာ

• ငုံးဥ  

• ပြောင်းဖူး 

• ပဲပြုတ် 

ပြုလုပ်နည်း

၁။ ဇလုံတစ်လုံးထဲ မွှေးဆန်အစိမ်းမှုန့်၊ မွှေးကောက်ညှင်းမှုန့်၊ မွှေးပဲစိမ်းမှုန့်၊ ဆား၊ ချင်းရည်နှင့် ရေတို့ကို ထည့်ပြီး သမအောင် မွှေပါ။ ပြီးလျှင် မုန့်နှစ်ဖျော်ရည်ကို ၂ နာရီခန့် နှပ်ထားပါ။ 

၂။ မုန့်လင်မယားလုပ်မည့် ဗန်းထဲ ဆီအနည်းငယ်ဖျန်းပါ။ ပြီးလျှင် မုန့်ခွက်လေးတွေထဲ မုန့်နှစ်ရည်ထည့်ပါ။ မုန့်ခွက်တစ်ခုစီထဲ အဆာပလာတစ်မျိုးစီ ထည့်ပါ။ ဆီဖျန်းပါ။ အရောင်ရဲရဲလေးဖြစ်ပြီး မုန့်ကျက်ပြီဆိုလျှင် ဆယ်ယူ၍ ပန်းကန်ထဲထည့်ပါ။

ချဉ်စပ်ကလေး စားချင်တယ်ဆိုရင်လည်း

ခရမ်းချဉ်သီး ငရုတ်သီးလေးတွေ ထည့်ပြီးစားလို့ရပါတယ်နော်။

----------------------

Crd

Tin Tin Oo

Photo all credit