Skip to main content

Posts

Showing posts with the label အသီးရွက်စုံ ဒုတ်ထိုးလေးလုပ်စားရအောင်နော် 😋👇🏻😱😱😱

အသီးရွက်စုံ ဒုတ်ထိုးလေးလုပ်စားရအောင်နော် 😋👇🏻😱😱😱

 အကုန်ကျလည်းသက်သာ ဗိုက်အဝလည်းဆွဲလို့ရတဲ့ အသီးရွက်စုံ ဒုတ်ထိုးလေးလုပ်စားရအောင်နော် 😋👇🏻😱😱😱 ပိတ်ရက်ကို တစ်နေ့တစ်မျိုး မရိုးအောင်စားကြမယ့် အစားတစ်လိုင်းတို့အတွက် ငယ်ငယ်ကလို မိသားစုဆုံတုန်းလေး ပျော်ပျော်ပါးပါး ချက်ပြုတ်စားဖို့အတွက် သက်သတ်လွတ် တုတ်ထိုးအစုံ ပြုလုပ်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ အသားတု၊ သခွားသီး၊ ပဲပြား၊ တို့ဖူး၊ အာလူး၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာ၊ ဆီ တို့ လိုအပ်ပါမယ်။ ပထမဦးဆုံး တုတ်ထိုးပြုလုပ်ဖို့ အတွက် အသားတုကို ရေစိမ်ထားရပါမယ်။ သခွားသီးကို အခွံခွာပြီး အစိတ်လေးများစိတ်၍ ရေစိမ်ထားပါ။ ပြီးလျှင် ပဲပြား၊ တို့ဖူး တို့ကို ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်ဖြင့်နယ်ကာ ကြွပ်ကြွပ်လေး ကြော်ပါမယ်။ ပြီးနောက် အသားတု ရေစိမ်ထားတာ ပွလာလျှင် ရေညစ်ထုတ်ကာ ထက်ခြမ်းခြမ်းလို့ အရသာနယ်ပြီး ကြော်ပေးပါ။ အာလူးကိုပြုတ်ပြီး နူးလာရင်ဆယ်ကာ အခွံခွာပါမယ်။ မဆလာအနည်းငယ်၊ အရသာအနည်းငယ်ဖြင့် နယ်ကာ ဆီအနည်းငယ်ဖြင့် လှိမ့်ပေးပါမယ်။ ရုံးပတီသီးကိုလည်း အရသာ၊ မဆလာအနည်းငယ်တို့ဖြင့် နယ်ကာ ဆီပူထိုးပေးလိုက်ပါ။ တုတ်ထိုးတွေ အဆင်သင့်ဖြစ်ရင်တော့ တွဲဖက်စားဖ...