Labels

Monday, August 22, 2022

"ဘူးသီးကြော်မုန့်နှစ်စပ်နည်း


 "ဘူးသီးကြော်မုန့်နှစ်စပ်နည်း

#ဆိုင်ကြော်အတိုင်းအချိန်ကြာကြာကြွပ်တဲ့နည်း"

သူ့အချိုးလေးက

1.ဆန်စိမ်းမှုန့်        -240 g

2.ကောက်ညှင်းမှုန့်-120 g

3.ပဲစိမ်းမှုန့်             -1 tbsp မောက်                           မောက်(20 g) 

4.Baking soda.     -1/2 tbsp

5.Baking Pd.         -1/4 tbsp

   အားလုံးသမအောင်မွှေပြီးဘူးထဲထည့်သိမ်းထား။

*အကြော်ကြော်ရန်-အကြော်မှုန့်ကိုရေခဲရေနဲ့ဆတူနီးပါးရောဖျော်ပါ။ရေခဲရေကိုနဲနဲစီအရင်ရောပါ။လိုမှထပ်ထည့်ပါ။မုန့်နှစ်အပျစ်အကျဲကနို့ဆီလိုပျစ်တဲ့အနေဆိုရပါပြီ။မုန့်နှစ်ကိုအနည်းဆုံးနာရီဝက်နှပ်ထားပြီးမှကြော်ခါနီး ဆား1/4tsp,ဆီ1 tbsp(ဆီထည့်ခြင်းအားဖြင့်မုန့်သားကိုပိုမိုကြွပ်ရွစေပါတယ်)ဂျင်းကြက်သွန်ဖြူထောင်းထည့်လိုလျှင်ထည့်မထည့်လည်းရပါတယ်၊အရောင်တင်မှုန့်1/4 tsp(အရောင်တင်မှုန့်)

အားလုံးသမအောင်မွှေပါ။

ဒီအချိုးကအကြော်မှုန့်160 g(တစ်ဆယ်သား)အတွက်ပါ။

*ရေးကြီးတာကကြော်မယ့်ဘူးသီးကိုအလုံးလိုက်ရေဆေးအစိပ်မထူမပါးအခွံပါလှီးထားပြီးအတတ်နိုင်ဆုံးရေခြောက်အောင်သုတ်ထားပါ။

*ခြောက်နေတဲ့ဘူးသီးစိပ်များကိုကြော်ခါနီးအကြော်မှုန့်နဲ့အနည်းငယ်လူးထားပါ။(ပုံပါအတိုင်း)အဲ့လိုလူးထားခြင်းအားဖြင့်မုန့်နှစ်နဲ့အသီးကွာသွားခြင်းမရှိပါ။

*ကြော်တော့မယ်ဆိုဆီအိုးပူအောင်တည်ဘူးသီးချောင်းများကိုတစ်ချောင်းစီမုန့်နှစ်ရည်လူးပြီးဆီပူထဲထည့်ကြော်ပါ။ကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်ပါ။ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ကြော်ပေးပါ။

**ဘူးသီးကြော်ရန်အဓိကအရေးကြီးတဲ့အချက်များ**

1.ကြော်မယ့်ဘူးသီးကရေလုံးဝမပါစေရ။

2.မုန့်နှစ်ကိုနို့ဆီလိုပျစ်နေအောင်ရေခဲရေနဲ့ဖျော်ရမည်။

3.မုန့်သားပိုမိုကြွပ်ရွစေရန်မုန့်နှစ်ထဲဆီတစ်ဇွန်းထည့်ဖျော်ပါ။

4.ခြောက်သွေ့နေတဲ့ဘူးသီးချောင်းများကိုကြော်ခါနီးအကြော်မှုန့်နဲ့လူးထားပါ။

5.ကြော်ခါနီးမှမုန့်နှစ်ထဲတစ်ချောင်းချင်းစီလူးကြော်ပါ။

         အထက်ပါအချက်များကိုလိုက်နာရင်အချိန်ကြာကြာကြွပ်ပြီးစားကောင်းတဲ့ဘူးသီးကြော်ရပါပြီ။အစားကောင်းကောင်းစားချင်ရင်စိတ်ရှည်ရမယ်နော်

သင်ဆရာ မြင်ဆရာများကိုကျေးဇူးတင်ဂါရဝပြုလျက်🙏

အစာအာဟာရဖြင့်ကျန်းမာရွှင်လန်းကြပါစေ။ လွတ်လပ်စွာရှယ်နိုင်ပါသည်။

       မေတ္တာဖြင့်

Crd

No comments:

Post a Comment