တို့ဟူးကြိုနည်း 🤤
Foodie လေးတွေ
လွယ်လွယ်ကူကူလုပ်စားလို့ရပီနော်👩🍳
နိုင်လွန်ပဲမှုန့်ဘဲ အသုံးများပါတယ်။
ပဲမှုန့် ၁ခွက် ရေ ၁ခွက်ခွဲ အချိုးပါ။
-ရေထည့် ပဲမှုန့်ထည့် နနွင်းမှုန့် နည်းနည်း
ဆားနည်းနည်း ထည့်ပါ။
အားလုံးသမသွားတဲ့အထိ မွှေပေးပါ။
-ပဲမှုန့်ကျေသွားရင် တခါ ဇကာနဲ့စစ်ချပေးပါ။
ဆီချက်အရင်ချက်မယ်။
-ဒယ်အိုးထဲ ဆီ နည်းနည်းနဲ့ ထည့်ပါ။
- ပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ ထည့်ကြော်။ ကြက်သွန်ဖြူ အရောင်ပြောင်းစပြုလာရင် ဆယ် (နောက်ကျရင် တူးသွားမယ်) ။
ဆီကျက်ကို ခပ်ထား။ အိုးထဲမှာ အနှံ့ ဆီလူးနေပါစေ။
-ဖျော်ထားတဲ့ ပဲမှုန့်ရည် ဒယ်အိုးထဲ ထည့်ပြီး မွှေပါ။ မီးသိပ်မပြင်းပါနဲ့။ သစ်သားယောင်းမ သုံးပါ။ ပျစ်လာတာနဲ့ နာနာမွှေဖို့ လိုတယ်။ ၁၀ မိနစ်လောက်ပဲကြာပါတယ်။
-ယောင်းမကို မ ကြည့်လို့ အမျှင်မပြတ်တော့ဘူးဆိုရင်
ချလို့ရပါပြီ။
မန်ကျည်းမှည့် အချဥ်ရေ
ငံပြာရည် ငရုပ်သီးမှုန့် အချိုမှုန့်
ဂေါ်ဖီခြစ်ထားပါ
ခွောကျရှကျ နံနံပငျတိုဖွငျ့ သုပျပွီးသုံးဆောငျနိုငျပါပွီနောျ။
Credit
No comments:
Post a Comment