Labels

Showing posts with label ကော်ရည်ခေါက်ဆွဲ. Show all posts
Showing posts with label ကော်ရည်ခေါက်ဆွဲ. Show all posts

Wednesday, August 17, 2022

ကော်ရည်ခေါက်ဆွဲ

 


ကော်ရည်ခေါက်ဆွဲ

ကော်ရည်ခေါက်ဆွဲက ခက်ထယ်ထင်ရပေမဲ့အလွယ်ဆုံးနည်းလေး ရေးပေးပါမယ်

ကလေးတွေနဲ့ ကိုယ့်ရဲချစ်ချစ် ကို မနက်ခင်းစားပူပူလေးနဲ့ ဗိုက်ဝအောင် အိမ်ရှင်မများ စမ်းလုပ်ကြည့်ကြရအောင်😘

ပါဝင်ပစွည်း

ကော်မူန့်(မွှေးတံဆိပ်ကော်မူန့်)

ကြ က်ဥ တလုံး 

ကြ က်သားအနည်းငယ်

ခေါက်ဆွဲ 

ပဲငံပြာရည်အနောက်ကြာညှိ

ပြုလုပ်နည်း 

ကြ က်သားကိုအရသာနယ်၁၅မိနစ်ခန့်ပြုတ်ပြီ ကြ က်သားကိုဆယ်ထားပြီ အတုံးသေးသေးလေးတွေတုံးထားပေးပါ

ခေါက်ဆွဲကို ကြယ်လတံဆိပ်တဝက် (ကျန်တဝက်ကို ​ဖယ်ထားပါ)ပြုတ်ထားပြီ ရေစစ်ပြီ ဆီအနည်းငယ် နယ်ထားပါ 

ကြ က်ဥ ကို ပုဂံလုံးထဲ ဖောက်ပြီမွေထားပါ

ေကာ်မူန့် ထမင်းစားဇွန်း၆ အပြည့် ပုဂံတလုံးထဲမခဲအောင်​ရေ အနည်းငယ်နဲ့ မွှေပါ

ကဲစပြီနော် (၂ပွဲစာ)

ခုနက ကြ က်ပြုတ်ကို ရေအနည်းငယ် ထပ်ထည့်ပါ(ရေနဲ့ကြက်ပြုတ်ရည် မတ်ခွက်ကြီး နှစ်ခွက်စာ)

အချိုမူန့် ထမင်းစားဇွန်း၂

ဆား ထမင်းစားဇွန်း  ၁

ပဲငံပြာရည်အနောက်ဇွန်းဝက် (အရောင်လှအောင်ပါ)

များသွားရင်မဲမဲကြီးဖြစ်သွားမယ်နော်

ကြ က်ပြုတ်ရည်ဆူလာရင် မွေထားတဲ့ ကြ က်ဥကို အပေါ်က ​ဖြေးဖြေးချင်းလောင်းပေးပါ(အဲဆို အမျှင်လေးတွေရပါတယ်)

အရသာ အငန့်အချို မြည်းကြည်ပါ လိုအပ်ရင်ထပ်ထည့်ပါ ကိုယ့်ကြိုက်တဲ့ ပဲ ပြား ကြွက်နားရွက် ထည့်လို့ရပါတယ်

ကိုယ့်လိုချင်တဲ့အနေထားရောက်ရင် မခဲအောင်မွေထားတဲ့ ေကာ်မူန့် ရည်ကိုထည့်ပြီ မပစ်သွားအောင် အဆက်မပြတ်မွေပေးပါ (အဓိက ကိုယ့်ကြိုက်တဲ့အရသာကိုအရင်လုပ်ပါ ဆူနေတဲ့အချိန်ကော်မူန့်ထည့်မွေပါ မဆူသေးဘဲ ကော်မူန့်ထည့်လိုက်ရင် ခဲသွားတတ်ပါတယ်)

အားလုံးရောမွေပြီသွားရင် ချလို့ရပါပြီ

ပုဂံလုံးထဲခေါက်ဆွဲထည့် အပေါ်ကကော်ရည်လောင်း တုံးထားတဲ့ ကြက်သားကိုဖြူး ငရုပ်ကောင်းနံလေးပါဖြူး ဆီချက်ချက်ထားတဲ့ရှိရင်လဲ အနည်းငယ်ထည့်စားလို့ရပါတယ်

အဲဆို အနံအရသာပြည်ဝတဲ့ကော်ရည်ခေါက်ဆွဲပူပူလေးရပါပြီရှင့်

အခုကာလ အိမ်ရှင်မတွေ လုပ်စားရအောင် အလွယ်ဆုံးနည်းလေးတွေရေးပေးထားပါတယ် လိုအပ်တာရှိရင်ထောက်ပြပေးနိုင်ပြီး လိုက်လုပ်ကြည့်လို့အဆင်မပြေရင်လဲမေးနိုင်ပါတယ်ရှင့်

Credit