Labels

Monday, August 22, 2022

ကြက်သား နဲ့ ပဲဟင်း


 ကြက်သား နဲ့ ပဲဟင်း

---------------------------------

ထမင်းမြိန်စေမယ့်  ကြက်သား နှင့် ပဲဟင်းပါ။ ချက်နေကျစတိုင် ဆီအများကြီး မသုံးထားပဲ၊  ဟင်းခတ်အမွှေးအကြိုင် တွေကြောင့် အနံ့ရော၊ အရသာပါ ထူးကဲ ကောင်းမွန်ပါတယ်။ ကြက်သား နှင့် ပဲဟင်းကို ထမင်း၊ ချပတီ၊ ရိုတီ တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

---------------------------------

ပါ၀င်ပစ္စည်းများ

    ကြက်ပေါင် – ၄၅၀ ဂရမ် (၁လက်မအရွယ် အတုံးများ တုံးထားပါ)

မှတ်ချက် ။ ။ မွေးမြူရေးကြက်သားကို အသုံးပြုလျှင် ပိုမိုကောင်းမွန်သည်။

    ကုလားပဲ – ၁၅၀ ဂရမ် (မပြုတ်ခင် ရေနာရီ၀က် စိမ်ထားပါ။ ပြီမှ ပဲနူသည်အထိ ပြုတ်ပြီ ပြန်ဆယ်ထားပါ)

    ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စင်းထားပါ)

    ဂျင်းနှစ် (သို့) ဂျင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

    မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

    ဖာလာစေ့ – ၂ခု

    လေညှင်း – ၄ပွင့်

    ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

    ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

    နံနံစေ့မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

    ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

    နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးထားပါ)

    ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

---------------------------------

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်(သို့) Pressure cooker ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်နီ ဆီသပ်ပေးပါ။

၂။ ထို့နောက် မဆလာ၊ ဖာစေ့၊ လေညှင်း တို့ကို ထည့်မွှေပေးပါ။

၃။ ပြီမှ ဂျင်းနှစ်၊ ဆနွင်း ထည့်ကာ ဆီသပ်ပါ။

၄။ ကြက်သား၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့်၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၅။ ကြက်သား ရေမြုပ်ရုံ ရေ(၄ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ Pressure cooker (သို့) ဒယ်ကို အဖုံးအုပ်ကာ ၁၅မိနစ်ခန့် မီးအတင့်တင့်ဖြင့် တည်ထားပါ။

၆။ ကြက်သားကျက်ပြီဆိုလျှင်(ပြုတ်ထားသော ပဲ)ကို ကြက်သားဖြင့် ရောကာ နောက်ထပ် ၁၀မိနစ် ထပ်တည်ပေးပါ။

ရ။ အရသာ အနေတော်လျှင် နောက်ဆုံးမှ မဆလာ(လက်ဖက်ရည်ဇွန်း တ၀က်)၊ နံနံပင် အုပ်လိုက်ပါ။

၈။ အရသာရှိပြီ ထမင်းမြိန်စေမယ့်  ကြက်သား နှင့် ပဲဟင်းကို သုံးဆောင်နိုင်ပါပြီ…

---------------------------------

Credit : Wutyee Food House

No comments:

Post a Comment