Skip to main content

မုန့်လုံးကြီးဆီစိမ် (၂၀ ခုစာအတွက်)


 မုန့်လုံးကြီးဆီစိမ် (၂၀ ခုစာအတွက်)

မုန့်လုံးကြီးဆီစိမ်ကတော့ လူကြိုက်များပြီး စားလို့ကောင်းတဲ့ မြန်မာမုန့်တမျိုးပါ။ မုန့်လုံးကြီးကိုဆီထည့်စိမ်ရင် ရိုးရိုးဆီကိုသုံးတာထက် အုန်းသီးကြော်ထားတဲ့ဆီကိုသုံးရင်ပိုကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းမှုန့်- ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း

၂။ ဆန်မှုန့်- ထမင်းစားဇွန်း ၈ ဇွန်း

၃။ ရေ - ထမင်းစားဇွန်း ၁၈ ဇွန်း

၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

အုန်းယိုအတွက်

၅။ အုန်းသီးခြစ်ဖတ် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း

၆။ သကြား - ထမင်းစားဇွန်း ၅ ဇွန်း

၇။ ရေ - ထမင်းစားဇွန်း ၈ ဇွန်း

အုန်းသီးကြော်အတွက်

၈။ ဆီ - ထမင်းစားဇွန်း ၁၂ ဇွန်း

၉။ အုန်းသီးခြစ်ဖတ် - ထမင်းစားဇွန်း ၁၀ ဇွန်း

(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)

( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)

(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း

၁။ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ ရေ ထမင်းစားဇွန်း ၁၈ ဇွန်း တို့ကိုဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။ (ရေခြောက်နေလျှင် ရေကိုထမင်းစားဇွန်း ၁ ဇွန်းဆီထည့်ပြီး၊ မုန့်နှစ်စိုစိုကြီးဖြစ်နေလျှင် ကောက်ညှင်းမှုန့်ကို ထမင်းစားဇွန်း ၁ ဇွန်းဆီထည့်ပြီးနယ်ကြည့်ပါ။)

၂။ အုန်းယိုအတွက် ရေ ထမင်းစားဇွန်း ၈ဇွန်း နှင့် သကြား ထမင်းစားဇွန်း ၅ ဇွန်း ကို ဒယ်အိုးထဲထည့်ရ်ျ အပူပေးပါ။ သကြားအရည်ပျော်လာလျှင် အုန်းသီးခြစ်ဖတ် ထမင်းစားဇွန်း ၁၆ ဇွန်း ကိုထည့်ရ်ျ ခြောက်ခြောက်လေးဖြစ်အောင်အထိလုပ်ပါ။ (အရမ်းခြောက်ရန်မလိုပါ။)

၃။ အုန်းသီးကြော်အတွက် အုန်းသီးခြစ်ဖတ် ထမင်းစားဇွန်း ၁၀ ဇွန်း ကို ဆီထမင်းစားဇွန်း ၁၂ ဇွန်း ဖြင့် ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်ထားပါ။

၄။ နယ်ထားသော မုန့်နှစ်ကို အလုံးတလုံးစာယူရ်ျ အုန်းယိုကို ငှာပနာပြီးလုံးပါ။ ပြီးရင် ပြားသွားအောင်ဖိလိုက်ပါ။ ကျန်သောမုန့်နှစ်များကိုလဲ အထက်ပါနည်းအတိုင်းလုပ်ထားပါ။

၅။ မုန့်လုံးကြီးများကို ရေပွက်ပွက်ဆူထဲမှာထည့်ပြုတ်ပါ။ မုန့်လုံးများရေပေါ်ပေါ်လာလျှင် ရေနွေးအိုးထဲမှ ဆယ်ပြီး ပန်းကန်ပြားထဲထည့်ပါ။

၆။ ပန်းကန်ပြားထဲထည့်ထားသော မုန့်လုံးများကို အပေါ်မှ အုန်းသီးကြွပ်ကြော် နှင့် အုန်းသီးကြော်ထားသော ဆီများဆမ်းရ်ျ ကြာကြာစိမ်ထားပါ။ သုံးဆောင်နိုင်ပါပြီ။ See less

Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...