#ငါးခေါင်းဒန့်သလွန်ဟင်း
ပါဝင်ပစ္စည်း
⏭⏭⏭
ငါးကြင်းခေါင်း ၃ ခေါင်း
ဒန့်သလွန်သီး ၈ တောင့်
ခရမ်းချဥ်သီး ၃ လုံး
ငါးကြင်းခေါင်း ပါးဟပ်တွေဖယ်ပြီးရေစင်စင်ဆေးပါ။
ဒန့်သလွန်သီးကို အကြောခွာပြီး အနေတော်ပိုင်းဖြတ်ထားပါ။
ခရမ်းချဥ်သီးပါးပါးလှီးပါ။
✳✳✳✳✳✳✳
ချယ်မယ့်အိုးထဲငါးကြင်းခေါင်းထည့်ပါ ။
ခရမ်းချဥ်သီးလှီးပြီးသားထည့်ပါ။
ဆီ ထမင်းစားဇွန်း ၁ ဇွန်း၊
ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊
ငရုတ်သီးစိမ်းမှုန် ထမင်းစားဇွန်း ၁ ဇွန်း၊
ဆား၊နနွင်း၊ဟင်းရွက်မှုန့်သင့်ရုံ၊
မျှင်ငပိနည်းနည်းထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။
ရေလေးနည်းနည်းထည့်ပြီး ခဏလုံးချက်ပါ။
ငါးညှီနံ့ပျောက်မှ ငါးခေါင်းမြုပ်အောင်ရေထည့်ပြီးချက်ပါ။
ငါးခေါင်းမကြေအောင် အသာအယာမွှေပေးပါ။
ပွက်ပွက်ဆူပြီဆိုမှ အသင့်ပြုလုပ်ပြီးသား ဒန့်သလွန်သီးတွေထည့်ပါ။
ဒန့်သလွန်သီးနူးပြီး အပေါ့အငံမြည်းသင့်ပြီဆို ရှမ်းနံနံခပ်ပြီး ချလို့ရပါပြီ။ ဒန့်သလွန်သီးကို အနေတော်နူးပြီဆို ချပါ။
သူနဲ့တွဲဖက်ပြီး ပုဇွန်ငပိထောင်းလေးနဲ့စား ရှူးရှူးရှဲရှဲခံတွင်းမြိန်တဲ့ဟင်းပွဲလေးရပါပြီ။
#Credit သင်းစုရိပ်မြုံ
No comments:
Post a Comment