Skip to main content

ကြက်သားလိပ်လုပ်နည်း

 


ကြက်သားလိပ်လုပ်နည်း
--------------------
ကြက်သား သို့မဟုတ် ဝက်သား နှစ်သက်ရာအသားနဲ့ ကြော်နိုင်ပါတယ်။ အတွင်းဘက်ကအဆာအတွက် ကြက်သားအပြင် ကြက်သွန်နီနဲ့ ဂေါ်ဖီထည့်ထားတော့ အနံ့အရသာ ပိုကောင်းသွားတယ်။ အဆာကို ကော်ပြန့်ဖက်နဲ့လိပ်ပြီးမှ တမ်ပူရာထဲမှာ နှစ်ကြော်ထားတဲ့အတွက် အတွင်းကအစိုဓာတ် အပြင်ကိုရောက်မလာအောင် ကော်ပြန့်ဖက်က ထိမ်း ထားလိုက်ပါတယ်။ အပြင်ဘက်က ကြွပ်ကြွပ်လေးနဲ့ အတွင်းဘက်က အနံ့အရသာကောင်းပြီး နူးညံ့တဲ့ကြက်သားနဲ့ ဟင်းရွက်တို့ကို
တစ်ကိုက်လောက်ဝါးမိတဲ့အခါ နှစ်သက်ကြမှာ အသေချာပါ။
ပါဝင်သောပစ္စည်းများ(၆ လိပ်)
--------------------
• ကြက်သား - ၂၅ ကျပ်သား
• ချင်း - ပါးပါး ၂ ပြား
• ဂေါ်ဖီ - ၁ဝဝ ဂရမ် ( ၆ ကျပ်သားခန့်)
• ကြက်သွန်နီ - ၁၅ဝ ဂရမ် ( ၁ဝ ကျပ်သားခန့်)
• ဆား - အနည်းငယ်
• ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း မောက်မောက်
• ဆန်မှုန့်/ ဂျုံမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• တရုတ်မဆလာ - အနည်းငယ်
• ကော်ပြန့်ဖက် - ၆ ရွက်
• အကြော်မှုန့် - ၉ဝ ဂရမ် ( ၆ ကျပ်သားလျှော့လျှော့)
• ကြော်ရန်ဆီ - လိုသလောက်
ချက်နည်း
--------------------
၁။ ကြက်သား (ရင်ပုံသား/ပေါင်သား)ကို ဆားနဲ့နယ်၊ ချင်းထည့်၊ ရေအနည်းငယ်ထည့်ပြီး ကျက် သွားရုံလေး ရေခန်းပြုတ်ပါ။ ကျက်သွားလျှင် အအေးခံပြီး အတုံးလေးတွေလှီးထားပါ။ (ကြက်သားကို ကျက်အောင် ပြုတ်ဖို့လိုပါတယ်။ နူးအောင်တော့မပြုတ်ရပါ)
၂။ ကြက်သွန်နီနှင့် ဂေါ်ဖီကို တစ်လက်မရဲ့ ၃ ပုံ ၁ ပုံအထူ လေးထောင့်အတုံးလေးတွေ လှီးထားပါ။
၃။ ဒယ်အိုးထဲမှာ ဆီနည်းနည်းလေးထည့်ပြီး ကြက်သွန်နီနဲ့ ဂေါ်ဖီတွေကို နွမ်းသွားရုံလေးကြော်ပါ။
၄။ အသီးရွက်တွေ နွမ်းသွားတဲ့အခါ ကြက်သားထည့်မွှေပါ၊ ကော်ရည်ထည့်မွှေပါ။ နောက်ဆုံးမှာ ဆန်မှုန့်/ဂျုံမှုန့်လေးဖြူး မွှေပေးပြီးတာနဲ့ မီးဖိုပေါ်ကချပြီး အအေးခံပါ၊
၅။ အကြော်မှုန့်ကို ရေ (၁ဝဝ မီလီလီတာ- ၁၃ဝ မီလီလီတာ)ဖြင့်ဖျော်ထားပါ။ သို့မဟုတ် အထုတ်ပါ အညွှန်းအတိုင်း မပျစ်မကျဲဖျော်ထားပါ။ မုန့်ရည်ပျစ်လျှင်
အကြောမာပျဉ်းတွဲဖြစ်မည်။ မုန့်ရည်ကျဲ လွန်းလျှင် ဆီထဲတွင် ပြန့်ထွက်ကုန်မည်။
၆။ ကော်ပြန့်ဖက်ထဲ အဆာများထည့်ပြီး ကော်ပြန့်လိပ်သကဲ့သို့လိပ်ပါ။ အနားကို မုန့်နှစ်ရည်စွတ်ပြီး ပိတ်ပါ။
၇။ ကြော်မည့်အိုးထဲ ဆီ ၃ လက္မအနက်ထည့်ပြီး ဆီပူလာရင် ကြက်သားလိတ်တွေကို အကြော်မှုန့် ရည်ထဲနှစ်ပြီး ဆီပူထဲထည့်ကြော်ပါ။
၈။ အကျက်ညီအောင် ဟိုဘက် ဒီဘက်လှန်ပေးပါ။ ရွှေအိုရောင်သန်းလာလျှင် ဆယ်ပြီး ဆီစစ်ထားပါ၊ အေးသွားလျှင် ကတ်ကြေးဖြင့်ညှပ်ပြီး အချဉ်ရည်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။
အချဉ်ရည်
--------------------
၁။ ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်ရည် စားပွဲဇွန်း ၂ ဇွန်း၊ အမျိုးစားကောင်းသော ငရုတ်ဆီ စားပွဲဇွန်း ၃ ဇွန်း ရောမွှေပေးပါ။
၂။ အငန်လိုလျှင် ပဲငံပြာရည်အကြည် အနည်းငယ်ထည့်ပါ။ အပျစ် အကျဲကို မိမိနှစ်သက်သလို ရေနွေး ရောပေးနိုင်ပါသည်။
Credit See Less

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...