ဝက်သား ထားဝယ်ချက်
ဝက်သား ၅၀ ကျပ်သားကို
ဆီ တဇွန်း ထည့်ပြီး
ထားဝယ်ချက် ချက်ဖြစ်ခဲ့တယ်
ဝက်သား က ထွက်လာတဲ့ ဆီ နဲ့ ဆိုတော့
ဆီပြန်ဟင်း ဖြစ်သွားတယ်
အိမ်ရှေ့ မှာ ကြွတဲ့ ဆွမ်းတန်းလောင်း
ကျန်တာလေး ကို နေ့လည် စာ စား
ချက်နည်းလေး ကတော့..
ဝက်သား ၅၀ ကျပ်သား
ကြက်သွန်နီ ၂၀၀ ဂရမ်
ကြက်သွန်ဖြူ ၈၀ ဂရမ်
ချင်း ၆၀ ဂရမ်
ငရုပ်သီး အကြမ်းဖတ် စာပွဲစားဇွန်း ၃ ဇွန်း
ငပိ စာပွဲစားဇွန်း တဇွန်း
မဆာလာ လဖက်ရည် ဇွန်း၂ ဇွန်း
မန်ကျည်းရည် စာပွဲစားဇွန်း ၄ ဇွန်း
ဆား လဖက်ရည် ဇွန်း တဝက်
အချိုမူန့် လဖက်ရည် ဇွန်းဝက်
ရေ ၈၀၀ ml
ချက်နည်း အဆင့် ဆင့်...
ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုပ်သီး ကို
ရောထောင်းပါ
အိုးထဲ ဆီထည့်ပြီး ဆီပူရင်
ထောင်းထားတဲ့ အနှစ် ကို ဆီသတ်ပါ
ဆီလျော့ သုံး ထားတဲ့ အတွက်
မကပ်အောင် မွှေပေးရပါ့မယ်
ပြီးမှ ငပိ နဲ့ မဆလာ ထည့်ပါ
ဝက်သားထည့်ပြီး မွှေပါ
ဝက်သား အသားတင်းပြီး
ရေခမ်းအောင် အရင် ချက်ပါ
ပြီးမှ ရေထည့်ချက်ပါ
အရသာ အတွက် ဆား အချိူမူန့် ထည့်ပြီး
ချက်ပါ
မီးလျော့ အဖုံး အုပ် ပြီး ချက် ဖို့ လိုပါတယ်
ထည့်ထားတဲ့ ရေ ခမ်း ရင်
မန်ကျည်းရည် ထည့်ချက်ပါ
ဝက်သားမနူးသေး ဘူး ဆိုရင်တော့
ရေနွေး ထည့်ပြီး
ဆီပြန်အောင် ချက်ပါ
#ဝက်သားထားဝယ်ချက်
#ထားဝယ်ဝက်သားဟင်း
#artoflivingbymyintootha
#foodconsultant
(ဝက်သားဟင်း ကို ငပိ, မရမ်းပြား, မန်ကျည်းရည် ထည့် ချက် တဲ့ ဟင်း ကို မော်လမြိုင် ကျောင်းတက် စဉ်က
သူငယ်ချင်း အိမ် မှာ စပြီး စားခဲ့ ဖူးတာ, ကျနော်တို့ ဒေသ မှာ ချက်တာနဲ့ ကွဲပြားပြီး အချဉ် ဓာတ်လေး ပါတော့ မအီတဲ့ အပြင် စားလို့ အလွန်ကေင်း
ပါတယ်.
Credit
No comments:
Post a Comment