Skip to main content

ငါးသောက်ဆမ်း


 ငါးသောက်ဆမ်း

ဟင်းတခွက် ထဲ နဲ့ စား လို့ရတဲ့ ဟင်းအမျိုးအစား

One Dish Meal က

ပေါပြူလာ ဖြစ်တဲ့ ဟင်းက

လာကြိုက် များ တယ်, အချိန်ကုန်သက်သာ

ငွေကုန် သက်သာတယ်

ခုလို ခေတ်ကာလ မှာ 

ချက်စား သင့် တဲ့ ဟင်း အမျိုး အစားလို့ 

ပြောရပါ့မယ်

အိုးတအိုးထဲ မှာ ငါးနဲ့ ဟင်းသီး ဟင်းရွက်ကို

ရောချက်ထား လို့

ဟင်းရွက် သီးသန့် မလို တော့ ပါဘူး

ဆီ လဲ မလို ပါဘူး ခင်ဗျာ

ချက်နည်း ကတော့....

ငါးကြင်း,                  သန့်ရှင်းပြီး ချက်တုံး တုံးထားပါ

ဆား

နနွန်းမူန့်

ငရုပ်သီးစိမ်း+ကြက်သွန်ဖြူ, ငပိ ကို ရောပြီး မညက်တညက်ထောင်းပါ

စပါးလင်,                   ဓားပြားရိုက်ထားပါ

ကြက်သွန်နီ,                လေးစိတ် စိတ်ထားပါ

ခရမ်းချဉ်သီး,             လေးစိတ် စိတ်ပါ

ဂေါရခါးသီး/ဗူးသီး,   ပါးပါးလှီးပါ

ငံပြာရည်

ကြက်သားမူန့်/အချိုမူန့်

ရှမ်းနံနံ

ရေ

ချက်နည်း အဆင့်ဆင့်....

ငါးကို ဆား,နနွန်း.နယ်ထားပါ

အိုး ထဲကို ရေထည့်ပြီး တည် ထားပါ

ရေဆူရင် ထောင်းထားတဲ့ ငရုပ်သီးထည့်ပါ

စပါးလင်  ထည့် ပြီး တည်ထားပါ

ပြီးမှ ငါး, ကြက်သွန်နီ, ဗူးသီး,ငံပြာရည်,အရသာမူန့်ထည့်ပြီး ဆက်တည်ပါ

စပြီး တည် ခါစမှာ အစိမ်း နံ့ ရနေလို့

အနံ့မကောင်းဖူး ဆိုပြီး

စိတ်မပျက်သွားပါနဲ့

မီးလျော့ပြီး အဖုံးအုပ် တည်ထားပါ

​ကြက်သွန်နဲ့ ဗူးသီး နူးစပြုရင်

ခရမ်းချဉ်သီးထည့်ပြီး ဆက်တည်ပါ

ဒီအချိန်မှာ အစိမ်းနံ့  ပျောက်သွားပြီး

မွှေးနေပါပြီ

နောက်ဆုံးမှာ ရှမ်းနံနံ ခပ်ပါ.

#ငါးသောက်ဆမ်း.#burmesefood.

#withoutoilcooking

#artoflivingbymyintootha

#တိုင်းရင်းသားဟင်း

#foodconsultant

Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...