Skip to main content

#ဗုံလုံသီးပုဇွန်ခြောက်အစာသွပ်ဟင်း ချက်နည်းများ

 


#ဗုံလုံသီးပုဇွန်ခြောက်အစာသွပ်ဟင်း ချက်နည်းများ 

*****************************

#ဝက်သား ကြက်သား အမဲသား နှစ်သက်ရာ နုတ်နုတ်စင်းပြီး အစာသွပ်ချက်လည်း ရတယ်နော်။

ဗုံလုံသီး  ပုဇွန်ခြောက်  အစာသွတ် 🍤🍤🍤🍤🌳🌳

ဗုံလုံသီးများကို  ဓါးဖြင့်  အပေါ်ယံ ခြစ်ပစ်ပါ 

ပုံပါအတိုင်း  အတုံးလေးများတုံးပါ 

အစာသွတ်ရန်  အတွင်းမှ  အစေ့များ ထုတ်ပစ်ပါ

ရေစင်အောင် ဆေးပါ 

ပုဇွန်ခြောက်များကို  ရေစိမ်ထားပါ 

ကြက်သွန်ဖြူ နီ ထောင်းထားပါ   တဝက်ကို  ဆီသပ်ပါ

တဝက်ကို  ပုဇွန်ခြောက်ဖြင့် ရောထောင်းပါ 

ဗုံလုံသီးအတွင်းသို့ ထောင်းထားသည်မျုားသွတ်ပါ 

ဆီသတ်ထားသည့် အထဲကို  အစာသွတ်ထားသော ဗုံလုံသီးများ 

စီထည့်ပါ   ရေမြုပ်အောင်ထည့်ပါ 

ကြက်သားမှုန့်  အနည်းငယ် ထည့်ပါ 

လိုအပ်ရင်  ငံပြာရည် အနည်းငယ်ထည့်ပါ 

အဖုံးအုပ်ပီး  တည်ပါ 

ဗုံလုံသီး နူးပီး  ဆီကျန် ရေကျန် အနေလောက်ဆို  မီးပိတ်ပီး

သုံးဆောင်လို့ ရပါပီ ခင်ဗျာ 

ပုံထဲမှာ  အဆာတွေထွက်နေတာ မဟုတ်ပါဘူး

အနှစ်ရအောင်  ထောင်းထားတဲ့  ပုဇွန်ခြောက်နဲ့  ဗုံလုံသီး အဖျားပိုင်း

လေးတွေ  လှီးထည့် ပီး ချက်ထားတာပါ 🌳🌳🌳🌳🌳

*****************

တနည်း

------

ဗုံလုံသီးကို အခွံခြစ် အနေတော်အပိုင်းရှည်လေးတွေပိုင်း အထဲကအစေ့လေးတွေကို တဖက်ပိတ်သွားအောင်ဖိချထားလိုက်

ကြက်သွန်နီ အဖြူကိုအနေတော်အတုံးသေးလှီးပြီး ဆီသပ် ဗုံလုံသီးတချို့ကို သေးသေးလှီးပြီးသားလေးတွေရောပြီးဆီသပ် ပုစွန်ခြောက်ထောင်းထားတာလေးထည့် အရသာ အနေတော်ထည့် နည်းနည်းနူးပြီဆို မီးဖိုပေါ်ကချပြီး ခုနဗုံလုံသီးပိုင်းလေးတွေထဲကို အစာသွပ်ပြီး အနှစ်လုပ်ဖို့ ကြက်သွန်ဖြူနီ ထပ်ဆီသပ်ပြီး ဗုံလုံသီး ပိုင်းတွေ ထည့်ဆီသပ် ရေနွေးလေး အနေတော်နူးသည်အထိ ထည့်ချက်ပြီး ဆီလည်ရေလည်လေးဆိုအရသာမြည်းပြီးစားလို့ရပါပြီ

@@@@@@@@@@@

တနည်း

=====

ဒီမနက် နေမကောင်းပေမယ့် ဝယ်ထားပီးသား ဗုံလုံသီး ငါးဖယ် အစာသွပ်လေး ချက်ဖြစ်တယ် ။

ပင်စိမ်းလေးအုပ်လို့ပေါ့။ သမီးတို့ ဝိုင်းကူပေးပါတယ်။

ချကိပြုတ်ရင်း အကျိုးကျေးဇူးလေး ရှာဖွေတင်ပေးလိုက်ပါတယ်။ 

ချက်ပြုတ်နည်း 

ငါးဖယ် တစ်ဆယ်သားခန့် ကို ဂျငိး၃ပြားလောက်အရင်ထောင်း ညက်ရင် ငြုတ်ဆုံထဲ ငါးဖယ်ထည့် ချိုငန် ငြုတ်မှုန့်တခါထဲထည့်ထောင်းပါ။

ဗုံလုံသီးကို ခြစ်ပစ်ပီး လိုသလိုပိုင်း အထဲကို တူလေးနဲ့ထိုး အစာထုတ်ထားပါ။ ကျမ ကတော့ ခပ်ပိန်ပိန်ခပ်နုနုရွေးဝယ်ထားပါတယ်။ အကြီးကြီးဆိုရငိ အစာတွေအများကြီးထည့်ရမှာပါ။ အစာထုတ်ထားတဲ့နေရာ ငါးဖယ်အစားထိုးသွပ်ပါတယ်။

ကြက်သွန်ဖြူနီဆီသတ်ပီး ရေနဲနဲထည့် ချိုငန်ထည့်ပီး ကြက်သွန့်အနှစ် ရအောင် အရင်တည်ပါ ပြီးမှ အစာသွပ်ထားတဲ့ ဗုံလုံသီး ထည့်ပါ ရေနွေးဆူဆူ ထည့်ပါတယ်။ အုပ်ပီးတည်ထားပါ။ ရေခန်းကာနီး ပင်စိမ်းရွက်ထည့်ပါ။အသားနေရာမှာ မိမိ နှစ်သက်ရာ အသားထည့်နိုင်ပါသည်။ အသားလုံးဝမထည့်လိုလျှင် ငါးပိအနည်းငယ်ထည့်ချက်နိုင်ပါသည်။ မတည့်လျှင် မထည့်ပါနှင့် ။ 

ကျန်းမာကြပါစေ 🙏🙏🙏

အမွှာတို့မေမေ

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

================

================

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

ပုစွန်ခြောက်လေးနဲ့ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်ရင် ချိုချိုလေးလေးအရသာလေးကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အရသာအရမ်းရှိတဲ့ ဗုံလုံသီးလေးကို ကြိုက်ကြတဲ့သူတွေများရှိလား။ ဒီစားကောင်းတဲ့ ဗုံလုံသီးလေးက အရသာတင်ကောင်းတာမဟုတ်ဘဲ စားသုံးလိုက်တဲ့အခါ ခန်ဓါကိုယျအတှကျ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပေါ့။

သွင်ပြင်ထူးခြားတဲ့ ဗုံလုံသီးလေးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

သူမတူတဲ့ အသွင်အပြင်နဲ့ အရသာရှိလှတဲ့ ဗုံလုံသီးကို စားသုံးပေးမယ်ဆိုရင်

ဆီးချိုကာကွယ်နိုင်တယ်  ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် အမျိုးအစား  ၂ ဆီးချိုရောဂါရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုရှိသူတွေစားသုံးပေးလို့ရသလို ဆီးချိုကာကွယ်လိုသူတွေလည်း စားသုံးပေးလို့ရပါတယ်။

အသားဝါ သက်သာစေနိုင်တယ်  ဗုံလုံသီးပင်ရဲ့ အရွက်ကို ဒန့်သလွန်ရွက်နဲ့တွဲစားပေးမယ်ဆိုရင် bilirubin လို့ခေါ်တဲ့ (သွေးတွင်းအဝါဓါတ်) ကိုကျဆင်းစေနိုင်ပြီး အသားဝါတာကို သက်သာစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်  ကယ်လ်လိုရီ နဲ့ အဆီပါဝင်မှုနည်းပြီး ရေဓါတ်နဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်မှာပါ။ ဝိတ်ချချင်သူတွေစားပေးသင့်တဲ့ အရသာရှိတဲ့ ဟင်းလျာတစ်မျိုးပါ။

ကိုယ်တွင်းက အဆိပ်အတောက်တွေဖယ်ရှားပေးတယ်  ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာရှိနေတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးရွှင်စေနိုင်ပြီး ဆီးကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသည်းရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကင်းစေဖို့အတွက်လည်း ဗုံလုံသီးကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးမှုနဲ့ ခန်ဓါကိုယျက နာကျင်မှုတွေကြောင့် နှလုံးမှာ သက်ရောက်မှုရှိစေတာမျိုးကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဝမ်းမှန်စေနိုင်တယ် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာသန့်စင်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ နေ့စဉ်ဝမ်းမှန်စေဖို့ဆိုရင် မနက်ခင်းတိုင်းမျာဗုံလုံသီးကြိတ်ရည်ကို ၁ ဇွန်း ကနေ ၂ ဇွန်းထိသောက်ပေးလို့ရပါတယ်။

အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေတယ်  ကယ်လ်ဆီယမ်ပါဝင်မှုကြောင့် အရိုးနဲ့သွားတွေကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။

ဗောက်ပျောက်စေတယ်  ဗုံလုံသီးကို အရည်ညှစ်ပြီး ဦးရေပြားမှာ လိမ်းပေးလို့ နာရီဝက်၊ တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဦးရေပြားကို အစိုဓါတ်ထိန်းပေးပြီး ဗောက်ပြဿနာကင်းစေမှာပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။

ဗုံလုံသီးက အရသာရှိရင်ရုံတင်မဟုတ်ဘဲ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးနိုင်ပါသေးပါတယ်နော်။

Crd

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...