Labels

Thursday, August 18, 2022

ဆန်ပြားမုန့် လုပ်နည်း


 ဆန်ပြားမုန့် လုပ်နည်း

~~~~~~~~~~~~
📝ပါဝင်သော ပစ္စည်းများ
ဆန်မုန့် ၁၀၀.ဂရမ်
ကော်မုန့် (သို့) ပီလောပီနန် မူန့် ၅ဝဂရမ်
ရေ ၃၀၀ ml
ပုဇွန်ခြောက်သေးသေး ထမင်းစားဇွန်း ၁
ဆား လက်ဘက်ဇွန်း ၁
တရုတ် နံနံ ၁၀.ပင်
ဗန်းနဲ့မုန့်သုတ်ဖို့ ဆီ အနည်းငယ်
ကြိုက်ရာဗန်း ၂.ခု
❗ပြုလုပ်ပုံ..
၁.ဆန် ကော် ဆားအားလုံးကိုရေရောပြီးသမအောင်မွေပေးပြီးနာရီဝက်ထားထားပါ
၂. နှစ်ထပ်ပေါင်းအိုးကိုရေဆူအောင်တည်ထားပါ
၃. မုန့်နစ်ထဲသို့တရုတ်နံနံထည့်မွေပါ
၄.ဗန်းနှစ်ခုလုံးကိုဆီပါးပါးသုတ်ပြီးမုန့်သားပါးပါးလေးခပ်ထည့်၍မုန့်သားများနေရာအနံ့ဖြစ်အောင်ဗန်းလှည့်ပေးပါ ပုဇွန်ခြောက်အနည်းငယ်ထည့်ပါ
၅. ရေပွက်ပွက်ဆူလာရင်မုန့်ဗန်းထည့်ပေါင်းပါ
၆.ကြာချိန် ၂မိနစ်မှ၃မိနစ်
၇.ပထမဗန်းကျက်လျင် ထုတ်ပြီးဒုတိယဗန်းထည့်ပေါင်းပါ မုန့်နစ်ကုန်တဲ့အထိဒီအတိုင်းလုပ်ပါ
၈. ထုတ်ထားသောမုန့်ဗန်းကိုဘေးနာကနေကော်ထုတ်ပြီး ခွာလိုက်ပါတဝက်ရလျင်ခေါက်၍ဆက်ခွာပြီးပန်းကန်ထဲထည့်ပြီးမုန့်သားပေါ်တွင်ဆီပါးပါးသုတ်ပေးပြီး ကျန်မုန့်တွေလည်းဒီအတိုင်းပဲလုပ်ပြီးရပါပြီရှင့်
Credit:

No comments:

Post a Comment