Skip to main content

ကိုရီးယားကင်ချီလုပ်နည်း


 ကိုရီးယားကင်ချီလုပ်နည်း ။ 

စားလို့လဲကောင်း ထမင်းလဲမိန် အထားလဲခံတဲ့ ကင်ချီလုပ်နည်းလေး ။ 

စားချင်တယ် အရမ်းကြိုက်တယ် ကင်ချီမစိမ်တတ်ဘူးဆိုတဲ့ အိမ်ရှင်မတို့အတွက် အရသာရှိပြီး အရမ်းလွယ်ကူတဲ့ကင်ချီလုပ်နည်းလေး။ မခက်ခဲပဲ အကုန်ကျသက်သာလို့ အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်နော် ။ 

ပါဝင်ပစ္စည်း

မုန်ညှင်းထုတ်- ၂ထုတ်

မုန်လာဥနီ၁ လုံး

မုန်လာဥဖြူ၁လုံး

ချင်း၂ ကျပ်သား

ပန်းသီးတခြမ်း

ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၃ဇွန်း

သကြားထမင်းဇွန်း၂ဇွန်း

ငရုပ်သီးမှုန့်ထမင်းဇွန်း၃ဇွန်း

ကြက်သွန်မြိတ်၅ပင်

ကြက်သွန်နီ၂လုံး

ကြက်သွန်ဖြူ၂ဥ

နှမ်းအနည်းငယ်

အငန်ဖေါက်ထားတဲ့ပုဇွန်အနည်းငယ် (သို့)ပုဇွန်ခြောက်

ငါးငန်ပြာရည်ထမင်းစားဇွန်း ၃/၄ဇွန်း

ဆားလိုသလောက်

ပြုလုပ်ပုံ-

၁-မုန်ညှင်းဖြူထုတ်ကို သေးရင် ထက်ခြမ်း၊ ကြီးရင် လေးစိတ်ခွဲ၊ ရေနဲ့ဆေးကြောသန့်စင်ပြီး ရေစစ်၊ အရွက်အဖပ်ကြားတိုင်းကို ဆားဖြူး (သို့) ဆားများများ ကိုရေဖျော်ပြီး မုန်ညှင်းထုတ်ကို ၃/၄ နာရီ လောက်နှပ်မကြာခဏ အထက်အောက် လှန် ပေးပါ။ ဆားဖြူးရင်တော့ ရေပြန်ဆေးပြီး ရေညှစ်ပါ။ဆားရည်စိမ်ရင်တော့ ရေညှစ်ပါ။ ဇကာတခုမှာ ရေစစ်ထားပါ။

၂- မုန်လာဥနီနဲ့ မုန်လာဥဖြူကို အချောင်းရှည် လေးတွေ လှီး ထားပါ။ ကြက်သွန်မြိတ် အချောင်းရှည်အမျှင် လေးတွေ လှီးထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ချင်းအနည်းငယ်ကို အချောင်းရှည်လေးတွေ ပါးပါးရိတ်ရိတ် လှီးထားပါ။ (ပါးပါး ၁-၂ ပြားခန့် သာ ထည့့်ပါ)။ ကြက်သွန်ဖြူနဲ့ ကျန်တဲ့ချင်းကိုညက်အောင်ထောင်းထားပါ။ ပန်းသီး(သို့)သစ်တော်သီး တခြမ်း ကြိတ်ထားပါ(ပါးပါးလှီး ရင် လည်းရပါတယ်)။

ကောက်ညှင်းမှုန့် ကို သကြားထည့် ရေအနည်းငယ်နဲ့ ပြစ်ပြစ်လေး ကျိုထားပါ။ ပြီးရင် ငရုတ်သီးမှုန့် ပုဇွန်ခြောက် ငန်ပြာရည်နဲ့ အားလုံးကို ရောနယ်ပါ။ (ငရုတ်သီးမှုန့်က ကိုရီးယား ငရုတ်သီးမှုန့်က ပိုကောင်းပါတယ်။ ပုဇွန်ဆားငါးပိကလည်း ကိုရီးယားမှ ကောင်းတာပါ။ မရှိတဲ့အတွက် သူ့အစားပုဇွန်ခြာက်ထည့်ပါတယ်)

၃ -ရေစစ်ထားတဲ့ မုန်ညှင်းဖြူထုပ်ရဲ့ အရွက်ဖတ်တွေကြားမှာ အနှစ်လေးတွေကို ထည့်ပေးပြီး လက်နဲ့ညှစ်ဆုတ်ဆုတ်ပေးပါ။ ဗူးသန့်သန့် ထဲမှာ ဖိသိပ်ပြီး ထည့်ပါ။

ရာသီဥတု ပူနွေးရင်အပြင်မှာ ၂ ရက်လောက်ထားပါ(ပိုချဉ်ချင်တယ်ဆိုရင် ၃ရက်လောက်ထားပါ)။ ဒါဆိုစားလို့ရပါပြီ။ ပြီးမှ ရေခဲသေတ္တာထဲထည့်ပြီး ကြာရှည်ထားပြီး လိုအပ်သလို စားသုံးနိုင်ပါတယ်။

သခွားသီးကိုလေးစိပ်ခွဲပြီး ဆားနဲ့နယ်ပြီး ခဏနှပ်ထားပြီး အဲဒီ အစာတွေကို ကြားထဲထည့်ပြီး သခွားသီးကင်ချီ အဖြစ်လည်း စားနိုင်ပါတယ်​ေနာ်။

ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။

Crd

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...