Skip to main content

ကောက်ညှင်းထုပ်/ပြောင်းဖူးထုပ်/ဟင်းထုပ်/မုန့်ဖက်ထုပ်

 


ကောက်ညှင်းထုပ်/ပြောင်းဖူးထုပ်/ဟင်းထုပ်/မုန့်ဖက်ထုပ်

ကြိုက်တာသာလက်စွမ်းပြလိုက်တော့ အိမ်ရှင်မတို့ရေ 😍

လုပ်နည်း 👇🏻👇🏻👇🏻မြန်မာမုန့်လေးစားချင်စရာလေးတွေ😘

(1) ကောက်ညှင်းထုပ်

ကောက်ညှင်းဆန်ကို ၅နာရီခန့် ရေကြိုစိမ်ထားပေးပါ။ ဌက်ပျောရွက် သို့ ကြံရွက်ကို ရေသေချာဆေးထားပါ။ ဌက်ပျောရွက်ထုပ်ရအဆင်ပြေအောင် အနည်းငယ်ပျော့သွားအောင် မီးအနည်းငယ် ပြထားပေးပါ။ မီးကင်ပေးပါလို့ပြောတာနော်။ ပြီးမှ ဌက်ပျောရွက်ကို တစ်ပြင်ညီလုံး ဆီအနည်းငယ်သုတ်လိမ်းထားပေးပါ။ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့် ပဲထည့် သကြား နဲ့ ဆားအနည်းငယ်ထည့်ပြီး နှံသွားအောင်အနည်းငယ်နယ်ပြီး ဌက်ပျောထုပ်ကို နှီးဖြင့်သေချာထုပ်ပါ။ ပြီးမှ ပေါင်းအိုးအလယ်ကန့်ကိုအသုံးပြုပြီး ရေနွေးငွေ့ဖြင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့် ကြာအောင် ပေါင်းပေးပါ။ ဌက်ပျောသီးနဲ့ပေါင်းမယ်ဆို ဌက်ပျောသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီး ပေါင်းပါ။ အတုံးလိုက်ကြီးဆို ဌက်ပျောထုပ် ထုပ်ရတာအဆင်ပြေမှာမဟုတ်ပါဖူး။ ရရင် သကြား အုန်းသီးဖတ်လေးများဖြင့် တွဲစားလို့ရပါပြီ။

ပဲကြိုက်ရင်ပဲနဲ့အပေါ်နည်းတူထုပ်ပါ

ဌက်ပျောရွက်အစား ဆလူရွက်သုံးပြီး ဆလူထုပ်လည်းပြုလုပ်နိုင်ပါသည်။ ဆလူထုပ်ဆို ငှက်ပျောသီး နဲ့ ပဲမပါပါ ကောက်ညှင်း ဆား သကြားရောထည့်ပြီးအလွတ်ထုပ်ပါ

Credit photos

(2) ပြောင်းဖူးဖက်ထုပ်


(3) မုန့်ဖက်ထုပ်

၁. ကောက်ညင်းဆန်မှုန့် (မုန့်နှစ်)

၂. အုန်းသီး၊ပဲ

၃. သကြား

၄. ငှက်ပျောရွက်

ကောက်ညှင်းဆန်ကို ရေဆေးပါ

ပြီးရင် ခြောက်သည်အထိ ရေစစ်ထားပါ။

ရေခြောက်သွားတဲ့အခါ အမှုန့်ဖြစ်အောင်ထောင်းပါ။

ငယ်တုန်းကတော့ မောင်းထောင်းတာပဲ။

အမှုန့်ရတဲ့အခါ နေပြန်လှန်းပါ။

ပြီးလျှင် မုန့်လုပ်ရန် ရေစက်စက်ဖြင့် နှယ်ပါ။

ဖဲ့ယူပြီး လောက်စာလုံး လုံးလို့ရသည်အထိ ညှက်နေအောင်လုပ်ပါ။

ရပြီဆိုလျှင် နောက်တခုက

အုန်းသီးကိုခြစ်ပြီး သကြားနှင့် ဦးစွာနှယ်ထားခဲ့ရမည်။

၄င်းကို နှယ်ထားသည့်မုန့်ထဲ ထည့်ရမည်။

ပဲနှင့်ကြိုက်ရင် ပဲနှင့်သကြား ထန်းလျက် နဲ့လုပ်လည်းရသည်။

ငှက်ပျောရွက်ကား အစိမ်းမလုပ်ရ။

မုန့်လုပ်တော့မည်စိတ်ကူးကတည်းက

မုန့်ထုပ်လောက်သော အရွယ်လောက် ဓားဖြင့်ဖြတ်ပြီး

အနည်းငယ်ညိုးနွမ်းသည်အထိ နေလှန်းထားရမည်။

နေလှန်းရန် အချိန်မရှိလျင် မီးကင်လည်းရသည်။

စောစောက အဆာသွပ်ပြီးသားမုန့်ကို

နေလှန်းပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး

ပေါင်းအိုးထဲထည့်ပေါင်းလျှင် မုန့်ဖက်ထုပ်ရပြီ။

Credit : Original Uploader

(4) ဟင်းထုပ်

ကြက်သားကိုနုပ်နုပ်စင်းပြီး အရသာမှုန့်ဖြင့်နယ်ထားပေးပါ။ ကြက်သွန်မြိတ်ပါးပါးလှီးထားပေးပါ။ အရည်စပ်မယ့် ဇလုံထဲသို့ ဆန်မှုန့် တစ်ထုပ် ရဲ့ တစ်ဝက်တိတိ ဖောက်ထည့်ပါ။ ဆီထမင်းစားနှစ်ဇွန်းထည့်ပါ။ ဆန်မှုန့်နှစ်စဆိုရင် ကောက်ညှင်းမှုန့်တစ်စရောထည့်ပေးပါ။ ကြက်သွန်မြိတ် နှင့် အရသာမှုန့်ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီးဖျော်ပါ။ အရည်အရမ်းကျဲတောက်နေအောင်မဖျော်ရပါဖူး။ ပျစ်ထွေးနေအောင်ဖျော်ဖို့လည်းမလိုပါဖူး။ အနေတော်အနေထားရပြီဆို ရေထည့်တာလုံလောက်ပါပြီ။ ပြီးမှ နုပ်နုပ်စင်းထားသောအသားထည့်ပြီး ထပ်မွှေပါ။ ပြီးရင် ဌက်ပျော်ရွက်နဲ့ ဖက်ထုပ် ထုပ်ပေးပါ။ ထမင်းပေါင်းအိုးဖြင့် မိနစ်၅၀ခန့်ပေါင်းပေးပါ။ တွဲဖက်စားသောက်ဖို့ ငရုတ်သီးကြော် ဂျူးမြစ် ကြက်သွန်ဖြူဆီချက်ပြင်ဆင်ပေးထားပါ။ နှစ်သက်ရာအသား အသုံးပြုနိုင်ပါတယ်ရှင်။

Crd ပါရှင့်


Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...