Skip to main content

နာနတ်သီးဖျော်ရည်စိမ်

 ဂျပန်ရောက်နေတဲ့ ဦးလေး ပြောတယ် သူတို့က တာရှည်ခံဆေးတွေသုံးပြီး လုပ်ထားတဲ့


ဖျော်ရည်စိမ် ပုလင်းတွေမသောက်ဘူး ဓာတုလွတ် အသီးဖျော်ရည် ကိုယ်တိုင်စိမ်စားတယ် ရေခဲသေတ္တာထဲထည့်ထားရင် လ တော်​တော်ကြာကြာ အထားခံတယ် ပြောလို့ စမ်းလုပ်ကြည့်လိုက်တာ ရှယ်ဘဲ 🤗 အိမ်က သားသား အကြိုက် 💞💞

#edit  လုပ်နည်းလေးက အလွယ်လေးပါရှင့် 

နာနတ်သီးကို ကိုယ့်စိတ်ကြိုက်အနေတော် အတုံးလေးတွေလှီး ဆားနဲ့ပွတ်ဆေးချတယ် 

နောက်တစ်ထပ် သံပရာသီးလေးနဲ့ထပ်ပြီးပွတ်တယ် ပြီမှ ကျမကတော့ ရေနဲ့ မပြောင်တစ်ပြောင်လေး ဆေးချလိုက်ပါတယ်နှော် ဖျော်ရည်အရသာမှာ အချဥ်ဓာတ်လေးပါပြီး ချိုချဥ်လေး ဖြစ်ချင်လို့😀

နာနတ်သီးကို ဖန် ပုလင်းထဲ ထည့်ထားပြီး သကြားကို အနေတော်လေး အရည်ကျိုပြီး အအေးခံ နာနတ်သီးမြုတ်တဲ့ထိ လောင်းထည့် အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲထည့် ထားလိုက်ရုံပါဘဲ ၃ ရက်လောက်နေတော့ အရည်ထဲမှာ နာနတ်သီး သံပရာသီး အရသာလေးနဲ့ ချိုချဥ်လေး ဖြစ်သွားပါတယ် နှော် နာနတ်သီးအဖတ်လေးကလည်း ကျွတ်ကျွတ်လေးနဲ့ ရှယ်ဘဲ ထမင်းစားပြီးတိုင်း အချိုတည်းလို့ရ အကုန်ကျလဲ သက်သာ နာနတ်သီးတုံးခါနီးရင် အများကြီး လုပ်ထားဖြစ်တယ်

( သကြားက အရည်ကျဲလေးကို ကိုယ်ကြိုက်တဲ့ အချိုအနေထားလေးဘဲ ကျိုပါတယ်နှော် ဆီချိုဖြစ်မှာကြောက်လို့ပါ)

Crd😋

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...