ဘဲဥ ငါးခြောက် အချဉ်ဆီပြန် 😊😊
ဆီစျေးက*ဖြစ်သွားသောအခါ
အဲ့သလို😉😉
ဆီပြန်ဆိုပြီး ဆီရှာမရသော ဟင်းတခွက် 😊😊
ချက်နည်းလေးက
ဘဲဥ ၅ လုံး
ငါးဖောင်ရိုး ၅ ကျပ်သား
ဆီပူလာရင် ဆနွင်းထည့်
ကြက်သွန်နီ ၄ လုံး
ကြက်သွန်ဖြူ အနည်းငယ်
ငရုတ်သီး ထမင်းစားဇွန်း ၁ ဇွန်းခွဲ ရောထောင်းထားတာထည့် ဆီသတ် နွမ်းပြီး
အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီး ၄လုံး ပါးပါးလှီးထည့်ပါ ဆား ဟင်းခပ်မှုန့်ထည့်ပြီး အနှစ်ကျအောင် အဖုံးလေး ခဏပိတ်ချက်ပါ စိမ်းစားငပိထည့်ပါ မွှေပါ ပြီးရင် ငါးခြောက်ထည့်ပါ ရေနွေးထည့်ပါ ငါးခြောက် အိရင် ဘဲဥထည့်ပါ ရေနွေးအနည်းငယ်ထည့်ပါ အဖုံးပိတ်ပါ ရေခမ်းပြီး ဆီပြန်ရင် ရပါပြီရှင်
Credit Aye Su Khine

No comments:
Post a Comment