Skip to main content

#ကန်စွန်းဥယိုလုပ်နည်း


 #ကန်စွန်းဥယိုလုပ်နည်း

အရမ်းမွှေး အရမ်းစားကောင်းလွန်းတဲ့ကန်စွန်းဥယို မို့အဘွား ဆီကနေ ရအောင်သင်ထားခဲ့တာ။ ပါ၀င်သောပစ္စည်းလဲ သိပ်မများသလို လုပ်နည်းကလဲ လွယ်ကူပါတယ်။

ပါ၀င်သောပစ္စည်းများ

၁။ ကန်စွန်းဥ - ၁ ပိသာ 

၂။ သကြား - ၂၅ ကျပ်သား (အချိုကြိုက်လျှင် ပိုထည့်ပါ။)

၃။ ဆား - လက်ဖက်ရည် ဇွန်း လေးပုံတပုံ

၄။ ထောပတ် - ၁၀ သား

၅။ ဆီ - ၁၀ သား

၆။ ခြစ်ပြီးသား အုံးသီးဖတ် - ၃ ခွက် (ရိုးရိုးကော်ဖီခွက်)

ရ။ စပျစ်သီးခြောက် - အနည်းငယ် 

၈။ သီဟိုင်ှစေ့- အနည်းငယ် (ပုံထဲတွင် မပါပါ)

ပြုလုပ်နည်း 

၁။ ကန်စွန်းဥ ကို ပျော့သည်အထိပြုတ်ထားပါ။ 

၂။ ပြုတ်ပြီးသား ကန်စွန်းဥများကို အအေးခံပြီး အနှစ်များရအောင် ဇကာဖြင့်တိုက်ပါ။ 

၃။ ယိုထိုးမည့် ဒယ်အိုးထဲတွင် ဆီ နှင့် ထောပတ်ကို ထည့်ရ်ျ အပူပေးပါ။ ပူလာလျှင် ကန်စွန်းဥထည့်ပါ။

၄။ ထို့နောက် သကြား၊ ဆား၊ အုံးသီးဖတ်များထည့်ရ်ျ အဆက်မပျက် မွှေပါ။ 

၅။ မိနစျ ၃၀ ခနျ့မှှပွေီးနောကျ အညိုရောငျသနျးလာပွီး မှှေးရျြ ဆီပွနျလာပါလိမျ့မညျ။

၆။ ဆီပြန်လာလျှင် စပျစ်သီးခြောက်နှင့် သီဟိုင်ှစေ့ ကို ထည့်ရ်ျ ခနမွှေပါ။ ပြီးနောက် မီးဖိုပေါ်မှချရ်ျ အအေးခံပါ။ သုံးဆောင်နိုင်ပါပြီ။

( ကန်စွန်းဥ ယို ကို လေလုံသော ဗူးထဲမှာ ထည့် ၊ ရေခဲသေတ္တာထဲတွင် ၂ လ (သို့) ၃ လ သိမ်းထားနိုင်ပါတယ်။)

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Crd.အိစံ

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...