Skip to main content

ကြက်သားခနံထုပ် (Khanon htok)

 


ကြက်သားခနံထုပ်  (Khanon htok)

( ကြက် / ဝက် နှစ်သက်ရာနဲ့စား) 

ပါဝင်ပစ္စည်းများ

-----------

မုန့်ဖတ်ပြုလုပ်ရန် -

...........................

ဘက်စုံသုံးဂျုံမှုန့် ( ဒုံးပျံတံဆိပ်အပြာ)  - ထမင်းစားဇွန်း ၄ ဇွန်း

ကြက်ဥ - ၅ လုံး

ဘဲဥ - ၅ လုံး

ရေ - ရေသန့်ဘူး နှစ်ရစ်

ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား - ဇွန်း တဝက်

...............

ပြုလုပ်နည်း

...............

 ဇလုံတစ်ခုထဲမှာ ဂျုံမှုန့်နဲ့ ဆားသကြား ရေ အကုန်ထည့်ပြီး မုန့်နှစ်ရပြီဆိုမှ ကြက်ဥ ဘဲဥ ခလောက်ပြီးသားတွေထည့်ပါ။ 

သမသွားအောင်မွှေပြီး အဖုံးအပ် ခနနှပ်ထားပြီး အဆာပလာပြင်ပါမယ်။

******************

ခနုံထုပ်ထဲထည့်မည့် အဆာပလာပြုလုပ်ရန် -

...............................................

ကြက်ရင်ပုံသား(အရိုးလွတ်) - ၃၀ သား

(ဝက်သားကြိုက်ရင်ဝက်သား) 

ကုဆိုင်  - ၂ စည်း

( ကြက်သွန်မိတ်နှင့်ဆင်တူ အနံ့မတူ)

ပဲငံပြာရည်အကြည်  - ၂ဇွန်း (လက်ဖက်စားဇွန်း) 

ဂျင်း - လက်တဆစ်ခန့် 

ဆား/ သကြား - ဇွန်း တဝက်စီ

ကြက်သွန်နီ - ၂ လုံး

ဟင်းချက်ဆီ - အနည်းငယ်

---------------

ပြင်ဆင်ပုံ

..............

ကြက်ရင်ပုံသား သို့မဟုတ် ဝက်သားကို တောက်တောက်စဥ်း၊

ကြက်သွန်နီကို အတုံးသေးသေးလေးတွေ လှီးထား

ကုဆိုင်မြိတ်ကို ပါးပါးလှီးထားပါ။

ဆီပူအိုးတည် ( ဆီကိုနည်းနည်းလေးပဲသုံးမယ်နော်။ )

တောက်တောက်စဥ်းထားတဲ့ အသားတွေထည့်၊ 

ဂျင်းအရည်ညှစ်ထည့်၊

ဆားသကြားထည့်၊

ပဲငံပြာရည်အကြည်ထည့်၊ ကြက်သွန်နီထည့် ဆီသတ်ပါ။ အသားတွေကျက်လို့ ချခါနီးကျမှ ကုဆိုင်ထည့်ပါ။ 

ကုဆိုင်ရွက်လေးတွေနွမ်းပြီး မွှေးလာပြီဆို ချလို့ရပါပြီ။

👉🏻 ဒီနေရာမှာ ကြက်သွန်နီကို ဆီသတ်တဲ့အထဲ မထည့်ပဲ ပါးပါးလှီး ရဲနေအောင်ကြော်ပြီးထည့်လည်းရပါတယ်။

👉🏻 ဉနီ နဲ့ ဂေါ်ဖီထည့်လဲရပါတယ်

(ထည့်မယ်ဆိုရင် ဥနီကို ဆလိုက်သေးသေးလေးတွေတုံးပါ။ ဂေါ်ဖီကိုလဲ ပါးနိုင်သမျှ ပါးပါလှီးပြီးထည့်ပါ။) 

...............

စလုပ်ပါမယ်။

👇🏻👇🏻👇🏻👇🏻👇🏻

လက်ကိုင်ပါတဲ့ မကပ်အိုး ရှိလျှင်ပိုကောင်းပါတယ်၊ ​မုန့်ဖတ်က ပြန့်ပြန့်လေး လုပ်ရမှာမို့ လက်ကိုင်ပါတဲ့ ဒယ်ပြန့် 🍳 ကိုသုံးစေချင်ပါတယ်။ 

မီးကိုခပ်အေးအေးထားပါ။ မီးပြင်းလျှင် ဖောင်းတဲ့နေရာက ဖောင်းပြီး မုန့်ဖတ်မျက်နှာပြင်မညီပါ။

ဒယ်အိုးကို ဆီပါးပါးသုတ်ပါမယ်။

ဆီပူလာပြီဆိုရင် 

မုန့်နှစ်ကို အနည်မထိုင်အောင်ပြန်မွှေပြီး ယောက်ချိုဇွန်းနဲ့ ခတ်ပြီး ဒယ်ပြန့်လေးထဲ ဖြည်းဖြည်းချင်း ရေမုန့်လုပ်သလို ဝိုက်၍

လောင်းချပြီး လက်ကိုင်လေးကနေ အိုးမျက်နှာပြင်အနှံ့ မုန့်နှစ်ရောက်အောင် လှည့်ပေးပါ။ အောက်ဖက်က ကျက်ပြီးဆိုရင် နောက်တဖက်လှန်ပေးပါ။ နှစ်ဖက်လုံးကျက်ပြီးဆိုရင် ပန်းကန်ပြားလေးထဲမှာပဲ သူ့အပြန့်အတိုင်းလေး ဆယ်ပြီး

ထည့်ထားပါ။ မုန့်နှစ်ကုန်တဲ့အထိ ကြော်ပါမယ်။

မုန့်ဖတ်ရပြီဆိုရင် အဆာပလာနည်းနည်းယူပြီး ကော်ပြန်ခေါက်သလိုပဲ နှစ်ချက်လိပ် ဘေးနှစ်ဖက်ခေါက်တင်ပြီး ထပ်လိပ်ပြီး

ပန်ကန်းပြားလေးထဲထည့် လှလှပလေးပြင်ဆင်ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်လို့ရပါပြီ။

အားလုံးအဆင်ပြေကြပါစေ။

ကိုသက်

#Credit Photo

-----------------

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...