Skip to main content

Posts

Showing posts from November, 2022

ထောပတ်ကြက်ဥ ဘိန်းမုန့်ပူပူမွှေးမွှေးလေး ( အချပ် အကြီး ၃ ချပ်စာ)

  ထောပတ်ကြက်ဥ ဘိန်းမုန့်ပူပူမွှေးမွှေးလေး ( အချပ် အကြီး ၃ ချပ်စာ) ဘိန်းမုန့်လုပ်နည်း မေးထားတဲ့သူတွေအတွက် အရသာရှိရှိနဲ့ ချက်ချင်းလုပ်စားလို့ရတဲ့နည်းပါ။ ဘိန်းမုန့်ကို ဆန်နဲ့ ဂျုံနဲ့၂ မျိုး ၇ှိတဲ့အထဲက အိစံက ဆန်နဲ့လုပ်တဲ့ဘိန်းမုန့်ကိုပြုလုပ်ထားတာပါ။ ဘိန်းမုန့်ကို yeast နဲ့လုပ်တာ အချိန်ကြာတာမို့ yeast နဲ့မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကိုအချဉ်ဖောက်ထားတာပါ။ ရှာလကာရည်နဲ့အချဉ်ဖောက်တဲ့နည်းကို တော့ နိုင်ငံခြားမုန့်တွေလုပ်တဲ့နည်းကရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ရပြီး ထောပတ်အနံ့လေးမွှေးမွှေးလေးနဲ့မို့အချိန်ကုန်သက်သာပြီး အ၇မ်းစားလို့ကောင်းတဲ့နည်းပါ။ လုပ်နည်းကလဲ လွယ်ကူလို့လုပ်စားကြည့်နော်။ ပါ၀င်သောပစ္စည်းများ ၁။ ဆန်မှုန့်- ၁ ခွက် ၂။ ကွကျဥ - ၁ လုံး ၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း ၄။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း ၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက် တ ၀က် (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃ မိနစ်လောက်ထားပြီး လက်နဲ့စမ်းကြည့်လို့လက်ကအပူခံနိုင်တဲ့အနေအထားရေနွေးကိုထည့်ပါတယ်။) ၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း ၇။ ဆော်ဒါ (baking...

(Software တွေအားလုံးကို👇👇👇 (ဒေါင်းလုတ်ဆွဲလို့ရပါတယ်.အောက်ကလင့်မှာဝင်ပါ😍😍😍

  Aik Lu Official Channel လေးကိုအားပေးတဲ့သူအရောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်..😍😍😍 (Software တွေအားလုံးကို👇👇👇 (ဒေါင်းလုတ်ဆွဲလို့ရပါတယ်.အောက်ကလင့်မှာဝင်ပါ😍😍😍 https://getintopc.com/?s=Cyberlink+power 😍😍😍သမ္မာကျမ်းစာ(Software)Myanmar bible😍😍😍 Download ဆွဲရန်👇👇👇လင့်လေးချပေးထားပါတယ်👌👌👌 https://drive.google.com/drive/u/0/my... 1979 Myanmar Fonts အလှများ 👇👇👇အသုံးပြုလို့ပါက အောက်က LINK ကနေ DOWN ပေးပါဗျ/မူရင်းCredit https://www.mediafire.com/file/iq4cl9.. . (Microsoft Office 2021 Pro Plus)👇👇👇မူရင်းCredit😍😍😍 Download: https://linktr.ee/freeappsite Password: 2022 မိမိကွန်ပျူတာထဲမှာ Play Store, 👇👇👇ကိုထည့်သွင်းအသုံးပြုလိုသောသူများအတွက်/မူရင်းCredit link of files: https://drive.google.com/file/d/1OYJl.. . Show less

လက်ဖက်နဲ့ပက်သက်ပြီး လက်ဖက်သုပ်နည်း နှပ်နည်း

 

ထိုင်းနိုင်ငံ ဘန်ကောက်အတွင်း ပြေးဆွဲနေတဲ့ လိုင်းကားနံပါတ်များ

  ထိုင်းနိုင်ငံ ဘန်ကောက်အတွင်းမှာ ရှိကြတဲ့ မိတ်ဆွေများအားလုံးပဲ ဘယ်သွားမလဲ ဘယ်လာမလဲ သွားမတတ် လာမတတ်လို့ စိတ်မညစ်နဲ့တေ့ာ... ထိုင်းနိုင်ငံ ဘန်ကောက်အတွင်း ပြေးဆွဲနေတဲ့ လိုင်းကားနံပါတ်များကို စုစည်းပြီး တင်ပေးလိုက်ပါတယ်ခင်ဗျာ ****************************************** Bangkok Rama2 bus car line ဖလန်ဆောင် rama2 လမ်းမကြီး တစ်လျောက် ပြေးဆွဲ နေတဲ့ buscar နံပါတ် တစ်ခုစီရဲ့ ဘယ်နံပါတ်က ဖလန်ဆောင်ကနေ ဘယ်ကို ပြေးဆွဲနေတာ ကို buscar နံပါတ် တစ်ခုစီရဲ့ ပြေးဆွဲရောက်ရှိတဲ့ လမ်းကြောင်းအသေစိတ်ကို တင်ပေးလိုက်တာပါ ဖလန်ဆောင် ဘန်ဘော ဘက်မှာနေကြတဲ့ ဘန်ကောက်ရောက် မြန်မာပြည်သားတွေ အတွက် buscarစီးရင် အဆင်ပြေအောင်ပါ ဖလန်ဆောင် လမ်းမကြီး တစ်လျောက် ပြေးဆွဲတဲ့ buscar နံပါတ်တွေက 17/68/76/85/105/140/141/142/147/167/169/172/558/720 နံပါတ် 17 ( ဖလန်ဆောင် -အမေရိကန်သံရုံး) (ဖလန်ဆောင် ၆၆လမ်း /ဖလန်ဆောင် ဆေးရုံ/ဝေါ့ကဗေရ်လမ်းဆုံ/စင်တာဖလန်ဆောင်/ဘန်ပကော်ကောင်ရ်ဆေးရုံ/big c ဘန်ဖကော် /ဘန်ဖကော်စျေး/စွတ်စဝတ်လမ်း/လရ်ဘိုလနဆေးရုံ/လရ်ဘိုရနလမ်း/ဂျလိမ်ရ်နခွန်လမ်း/အာရှထေ့ရ်/ဝတ်စူတီ/ဝတ်ရန်နဝါ/စူလရ်စပ်လမ်း /မြန်မာသံရုံး/စူလရ်စပ်bts/ဆာထောင်...

လွယ်လွယ်ကူကူ " အစုံသုပ် "

 လွယ်လွယ်ကူကူ " အစုံသုပ် " ခေါက်ဆွဲ ၊ ဆန်ကြာဇံ ၊ သခွားသီးပါးပါးလှီး၊ သင်္ဘောသီးခြစ် ပဲပြားကြော်၊ အာလူးပြုတ်၊ ပဲပင်ပေါက်လှော်၊ တိုဟူး၊ ငရုတ်ဆီနဲ့နယ်ထားတဲ့ထမင်း ( ဆီပူပူထဲငရုတ်သီးအရောင်တင်မှုန့်ထည့် .. ပြီးချက်ချင်းအအေးခံထားတဲ့ငရုတ်ဆီ)၊ဂေါ်ဖီထုပ်ပါးပါးလှီး ဒါတွေကထည့်သုပ်စားမယ့်ပစ္စည်းတွေပါ ။၊ ကြက်သွန်ဖြူဆီချက် ကြက်သွန်နီဆီချက် ပုစွန်ခြောက်မှုန့် ငံပြာရည် ပဲအကျက်မှုန့် ငရုတ်သီးအကျက်မှုန့် မန်ကျည်းမှည့်ရည် ကြက်သွန်နီပါးပါးလှီး ၊ နံနံပင်၊ ရှောက်ရွက်ပါးပါးလှီး တွေလိုအပ်ပါတယ်... သုပ်မယ်ဆို ဆီချက်ရည်နဲ့ပဲမှုန့်ကိုအချိုးအစားမျှဖို့ဂရုစိုက်ပါ ပဲမှုန့်လတ်လတ်ဆတ်ဆတ်နဲ့သုပ်ရင် အလွန်အရသာရှိပါတယ်.. ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကတော့နှစ်သက်ရင်ထည့်စားပါ credit

ထောပတ်ထမင်းချက်နည်းလေး🤤🤤

အလွယ်တကူ  ထောပတ်ထမင်းချက်နည်းလေး🤤🤤 မေးထားတဲ့သူ များလို့ မျှဝေပေးလိုက်တယ်နော် #ထောပတ်ထမင်းတွင်ပါ၀င်ပစ္စည်းများ (၈ယောက်စာ) ဘာစမာတီ ဆန် – နို့ဆီဘူး ၂လုံး  (ရေဖြင့် ဆေးထားပေးပါ) ထောပတ် – ၈၀ ဂရမ် မုန်လာဥနီ – ၁ခွက်စာ  (အတုံးလတ်များ တုံးပါ) ပဲသီး (သို့) ဘိုစားပဲ – ၁ခွက်  (အတုံးလတ်များ တုံးပါ) စပျစ်သီးခြောက် (အမဲ) – ၁ခွက်စာ သီဟိုဌ်စေ့ – ၁ခွက်စာ  (ထက်ခြမ်းခြမ်းထားပါ) ပြောင်းဖူးစေ့ – ခွက် တစ်၀က်စာ  (optional) ကြက်သွန်နီ – ၂လုံး  (ပါးပါးလှီးပါ) ကလဝေရွက် – ၃ရွက် သစ္ဂ်ပိုး – ၁ခု ဖာလာစေ့ – ၄စေ့ လေညှင်းပွင့် – ၄ခု ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း  ၈ပုံ၁ပုံ #ချက်ပြုတ်နည်း👩‍🍳 ၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ ထောပတ်  အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။ ၂။ ပြီနောက် သစ်ဂျပိုး၊ ကလဝေရွက်၊ လေညှင်း၊  ဖာလာစေ့များကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။ ၃။ ပြီမှ သီဟိုဌ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဘိုစားပဲ၊  ပြောင်းဖူး တို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။ ၄။ ထို့နောက် ဆန်ထည့်ထား...