Labels

Sunday, November 6, 2022

လွယ်လွယ်ကူကူ " အစုံသုပ် "


 လွယ်လွယ်ကူကူ " အစုံသုပ် "

ခေါက်ဆွဲ ၊ ဆန်ကြာဇံ ၊ သခွားသီးပါးပါးလှီး၊ သင်္ဘောသီးခြစ်

ပဲပြားကြော်၊ အာလူးပြုတ်၊ ပဲပင်ပေါက်လှော်၊ တိုဟူး၊ ငရုတ်ဆီနဲ့နယ်ထားတဲ့ထမင်း ( ဆီပူပူထဲငရုတ်သီးအရောင်တင်မှုန့်ထည့် ..

ပြီးချက်ချင်းအအေးခံထားတဲ့ငရုတ်ဆီ)၊ဂေါ်ဖီထုပ်ပါးပါးလှီး

ဒါတွေကထည့်သုပ်စားမယ့်ပစ္စည်းတွေပါ ။၊

ကြက်သွန်ဖြူဆီချက်

ကြက်သွန်နီဆီချက်

ပုစွန်ခြောက်မှုန့်

ငံပြာရည်

ပဲအကျက်မှုန့်

ငရုတ်သီးအကျက်မှုန့်

မန်ကျည်းမှည့်ရည်

ကြက်သွန်နီပါးပါးလှီး ၊ နံနံပင်၊ ရှောက်ရွက်ပါးပါးလှီး

တွေလိုအပ်ပါတယ်...

သုပ်မယ်ဆို ဆီချက်ရည်နဲ့ပဲမှုန့်ကိုအချိုးအစားမျှဖို့ဂရုစိုက်ပါ

ပဲမှုန့်လတ်လတ်ဆတ်ဆတ်နဲ့သုပ်ရင်

အလွန်အရသာရှိပါတယ်..

ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကတော့နှစ်သက်ရင်ထည့်စားပါ

credit

No comments:

Post a Comment