Skip to main content

Posts

မာလာဟင်းချက်နည်း

  မာလာဟင်းချက်နည်း ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီး မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ချက်ရတာလည်း လွယ်ကူပါတယ်။ -မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ မာလာဟင်းနှစ်ထုပ် ၁ထုပ် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မာလာဟင်းတွင် ပါဝင်ပစ္စည်းများ ကြက်သားချောင်း ၂ချောင်း (အစောင်းလှီးပါ) မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး ၅၀ဂရမ် (မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမွ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်) -ပြင်ဆင်နည်း ၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။ ၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက္စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။ ၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။ -မာလာဟင်းချက်နည်း ၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။ ၂။ ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး...

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်

 မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်(ပြိုင်ပွဲ၀င်ပိုစ့်ဖြစ်ပါသည်) - - - - - - - - - - - -   - - - - - - - - - - - - - - - - - - - - - - - - -       ပါ၀င်ပစ္စည်းများ      ''''''''''''''''''''"""""""" (၁) ငါးနှပ်  ၅၀ ကျပ်သား  (၂) မရမ်းပြား ၅ ကျပ်သား (၃) ငရုတ်သီးစိမ်း (မိုးမျှော်သီး) အနည်းငယ် (၄) ကြက်သွန်နီ ၃ဥ (၅) ကြက်သွန်ဖြူ  ၁ဥ (၆) နနွင်းမှုန့် အနည်းငယ် (၇) ငါးပိ အနည်းငယ် (၈) ရှားနံနံ အနည်းငယ်  စသည်တို့ လိုအပ်ပါတယ် ခင်ဗျား …               ချက်ပြုတ်ပုံ အဆင့်င့်            °°°°°°°°°°°°°°°°°°°°           ပထမ ဦးဆုံး ငါးကို ဦးခေါင်းပိုင်းနဲ့ ၀မ်းပိုင်းကို သန့်စင်ဖယ်ရှားပြီ ရေစင်အောင် ဆေးကြောပြီ ဟင်းချက်အိုးထဲ ထည့်ရပါမယ်  ထို့နောက် ငြုတ်သီးစိမ်း မရမ်းပြား ကြက်သွန်ဖြူ   ကြက်သွန်နီ ငါးပိ နနွင်းမှုန့် ရှားနံနံ (ရှားနံနံ အစား နံနံပင် စပါးလင်  မိမိ ကြိုက်နှစ်သက်ရာ  အသုံးပြု နိုင်ပါတယ်) တို့ကို တခါတည်း ရောထောင်းပြီ...

မုန်ညင်းချဉ်(ရှမ်းချဉ်) လုပ်နည်း😱😍

   မုန်ညင်းချဉ်(ရှမ်းချဉ်) လုပ်နည်း😱😍 အရသာရှိပြီး စားကောင်းတဲ့ ရှမ်းချဉ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ မုန်ညင်းစိမ်း ၂ပိဿာခန့်၊ မုန်လာဥနီ ၁၅ ကျပ်သား၊ ဂျူးမြစ် ၁၅ ကျပ်သား၊ ပဲပိုးတီ ၂၅ ကျပ်သား၊ ဂျင်း ၅ ကျပ်သား၊ မုန်ညင်းစေ့ ၁ ကျပ်သား၊ ငရုတ်သီး အရောင်တင်မှုန့် ၅ ကျပ်သား၊ နံနံစေ့ ၁ ကျပ်သား၊ ဆား၊ ကြံသကာ ၅ ကျပ်သား၊ ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်း။ (၁) မုန်ညင်းကို ရေနှစ်ခါဆေးပြီး ဇလုံတစ်ခုထဲထည့်၊ ရေထည့်၊ ဆားထည့်ပြီး တစ်နာရီခန့် ဆားရည်စိမ်ထားပါ။ (၂) ပြီးရင် ရေစစ်ပြီး နာရီဝက်ကျော်လောက် နေလှန်းပါ။ အနည်းငယ်နွမ်းရင် အနေတော်လောက် လှီးဖြတ်ထားပါ။ (၃) ပဲပိုးတီ၊ ဂျူးမြစ်၊ မုန်လာဥနီတို့ကို ရေဆေးပြီး စစ်ထားပါ။ ပြီးရင် အနေတော်လေးတွေ လှီးထားပါ။ (၄) အမွှေးအကြိုင်အတွက် နံနံစေ့နဲ့ မုန်ညင်းစေ့ကို အနံ့မွေးအောင် လှော်ပြီးရင် အနည်းငယ် ထောင်းပေးထားပါ။ ဂျင်းပါးပါးလှီးထားတဲ့အထဲက တစ်ဝက်ကိုထည့်ပြီး ထောင်းလိုက်ပါ။ (၅) ငရုသီးပွခြောက်နဲ့ ကြံသကာတို့ကိုလည်း ထည့်ပြီး ချေပေးပါ။ (၆) ရေစစ်ထားတဲ့ အသီးအရွက်များကို ဇလုံးကြီးတစ်ခုထဲထည့်၊ အမွှေးအကြိုင်များကိုထည့်၊ ဆား၊ ကြံသကာ၊ ဆန်အရက်တို့ကိုထည့်ပြီး ...

ငါးသလောက်ပေါင်းနည်းလေး..😍

 ငါးသလောက်ပေါင်းနည်းလေး..😍 ၁။ ငါးသလောက်ကြီးကြီးတစ်ကောင်ကို ၃ ပိုင်း (သို့မဟုတ်) ၄ ပိုင်း ပိုင်း၍ သန့်စင်အောင် ဆေးကြောပါ။ ပြီးလျှင် ဆား အချိုမှုန့် နနွင်းမှုန့် ငါးငံပြာရည် ၃ ဇွန်း ရှလကာရည် ၃ ဇွန်း တို့ဖြင့် သမအောင်နယ်၍  နာရီဝက်ခန့် နှပ်ထားပါ။ ၂။ ကြက်သွန်နီ ဖြူ ဂျင်း စပါးလင်တို့ကို ငရုတ်သီးအရောင်တင်မှုန့်ဖြင့် ရောထောင်း၍ ဆီသတ်ပါ။ ခရမ်းချဉ်သီး ၄/၅ လုံးခန့်ကိုလည်း ပါးပါးလှီး၍ အနှစ်ရတဲ့အထိ ရော၍ လုံးချက်ချက်ပါ။ ၃။ ချက်မည့် ဟင်းပေါင်းအိုးအောက်ခြေကို ကြံချောင်း (သို့မဟုတ်) စပါးလင် ၅ ချောင်း ထု၍ ဖြန့်ခင်းပါ။ ၎င်း အပေါ်ကမှ ငါးအတုံးများကို စီ ထည့်ပါ။ ထို့နောက် ခုနက ဆီသတ်ထားသည်များ လောင်းထည့်ပါ။ ကြက်သွန်နီဥ အရွယ်တော် ၅/၆ လုံးခန့် အပေါ်မှ ထပ်ထည့်ပါ။ ပြီးလျှင် ငါးတွေမြုတ်တဲ့အထိ ရေထည့်ပါ။ ၄။ ၄၅ မိနစ်ခန့်ကြာလျှင် မီးပိတ်ပြီး ခဏနှပ်ထားပါ။ ၁၀ မိနစ်လောက်ကြာလျှင် အဖုံးဖွင့်ပြီး နံနံပင် နှင့် မဆလာ အနည်းငယ်စီ အုပ်ပြီး ၃ မိနစ်လောက် ထပ်ချက်လိုက်လျှင် ရပါပြီရှင်။ အရသာရှိသောငါးသလောက်ပေါင်းဟင်းတစ်ပွဲမိမိကိုယ်တိုင်_လက်စွမ်းပြချက်စားကြည့်လိုက်ပါနော်  လေးစားလျှက်ပါ . Credit. . ခင်ခင်ကြီး(ခ) သက်ထားစံ...

ရှယ်ငပိကြော်

 ရှယ်ငပိကြော် ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ ငပိကြော် ကြော်နည်းလေးပါ ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ ဒီလိုအကြော်မျိုးစားရတက်ပါတယ် ကြော်နည်းလေးရေးပေးလိုက်ပါတယ် ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော် ပြီးဆီစစ်ထားပါ မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး နယ်ထားပါ ကြော်မယ့်အိုးထဲမှာ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့် ဆီများများနဲ့ကြော်ပါ ကြက်သွန်တွေကြွပ်ခါနီးမှာ  ငရုတ်သီးခွဲခြမ်း တွေထည့်ပြီးကြော်ပါ ပြီးရင် မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊ ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ မကြာခဏမွှေကြော်ပေးပါ ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါ ငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး နောက်ဆုံးမှ ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးးထည့်ပါ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။  Crd ပါရှင့်

" အလွယ်ကူဆုံး မုန့်ဗိုင်းတောင့် ပြုလုပ်နည်း "

 " အလွယ်ကူဆုံး မုန့်ဗိုင်းတောင့် ပြုလုပ်နည်း " ဒီ့ထက်လွယ်တဲ့နည်းမရှိတော့ပါဘူးနော် ☺️ ပဲလွန်းကို တစ်ညရေကြိုစိမ်ထား ပြီးနောက် ပဲကျက်အောင်ပြုတ်ထားပါ ဆမ်မှုန့်၂ဆ ကောက်ညှင်းမှုန့်၁ဆ ဆော်ဒါနဲ့ဆား နည်းနည်းထည့် ရေအသင့်ထည့်ပြီး မုန့်သားမကျစ်မမာရအောင်နယ်ပြီး ၁၀မိနစ်လောက်ပြုတ် ရလာတဲ့မုန့်ကို အအေးခံ ပြီးမှလက်ဖနောင့်နဲ့ဖိပြီး တစ်ခါပြန်နယ် ပြုတ်ထားတဲ့ပဲလွန်းကိုလည်းရောမွှေပါ ပြီးနောက်အဆုပ် ဆုပ်လေးလုပ် ဆီစိမ်းလေးနည်းနည်းလူပြီး ထမင်းပေါင်းအိုးအကန့်လေးထဲထည့်ပေါင်းရုံပါဘဲ နှမ်းထောင်း အုန်းသီးတို့ဖြင့်တွဲစားပါနော် Credit Ma May Moe Phyu Credit photo #မုန့်ဗိုင်းတောင့် See less