Skip to main content

မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်


 မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်(ပြိုင်ပွဲ၀င်ပိုစ့်ဖြစ်ပါသည်)

- - - - - - - - - - - -   - - - - - - - - - - - - - - - - - - - - - - - - -

      ပါ၀င်ပစ္စည်းများ

     ''''''''''''''''''''""""""""

(၁) ငါးနှပ်  ၅၀ ကျပ်သား 

(၂) မရမ်းပြား ၅ ကျပ်သား

(၃) ငရုတ်သီးစိမ်း (မိုးမျှော်သီး) အနည်းငယ်

(၄) ကြက်သွန်နီ ၃ဥ

(၅) ကြက်သွန်ဖြူ  ၁ဥ

(၆) နနွင်းမှုန့် အနည်းငယ်

(၇) ငါးပိ အနည်းငယ်

(၈) ရှားနံနံ အနည်းငယ် 

စသည်တို့ လိုအပ်ပါတယ် ခင်ဗျား …

              ချက်ပြုတ်ပုံ အဆင့်င့်

           °°°°°°°°°°°°°°°°°°°°

          ပထမ ဦးဆုံး ငါးကို ဦးခေါင်းပိုင်းနဲ့ ၀မ်းပိုင်းကို သန့်စင်ဖယ်ရှားပြီ ရေစင်အောင် ဆေးကြောပြီ ဟင်းချက်အိုးထဲ ထည့်ရပါမယ်  ထို့နောက် ငြုတ်သီးစိမ်း မရမ်းပြား ကြက်သွန်ဖြူ   ကြက်သွန်နီ ငါးပိ နနွင်းမှုန့် ရှားနံနံ (ရှားနံနံ အစား နံနံပင် စပါးလင်  မိမိ ကြိုက်နှစ်သက်ရာ  အသုံးပြု နိုင်ပါတယ်) တို့ကို တခါတည်း ရောထောင်းပြီ  အနည်းငယ် ရောစပ်ညက်သွား ပါက အိုးထဲ ခပ်ထည့်ပြီ   ငါးတွေနဲ့ သမအောင် နယ်ရပါမယ်  ထို့နောက် ရေအနည်းငယ်ထည့်ပြီး  မီးဖိုပေါ်တင်ကါ ချက်လို့ရပါပြီ …ဆယ်မိနစ်လောက် တည်ပြီလျင် နံနံပင်နဲ့ ငရုတ်သီးစိမ်းအနံ့ တထောင်းင်းထနေတဲ့ငါးနှပ်ဟင်းအိုးလည်း ပွက်ပွက်ဆူနေပါပြီ အပေါ့  အငန်မြည်းကြည့် လိုအပ်မှ ဆားထည့်ပါ

ချက်ခါစမှာ ဆားမထည့်ပါနဲ့နော် (မရမ်းပြားမှာ ဆားပါပြီသားဖြစ်ပါသည်)  မီးဖိုပေါ်က ချ လို့ မိသားစု (သို့မဟုတ်) အပေါင်းအဖေါ်တွေနဲ့ ရှူရှဲရှူရှဲ နဲ့ ချ ို ချဉ် ငန်း စပ် အလွန် အရသာရှိတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဆီမပါ ငါးနှပ် မရမ်းပြားချက် နည်းကို တင်ပြရင်း ယှဉ်ပြိုင် ပါတယ်ခင်ဗျား…

( ကင်းမွန် ပုစွန် တခြားသော မိမိ နှစ်သက်ရာ အသားငါးများကိုလည်း သည်နည်းအတိုင်း ချက်ပြုတ် နိုင်ပါတယ်နော်) 

    အစားအစာကောင်းတွေ စားနိုင်ကြပါစေ ဆုတောင်းပေးရင်း…..

     ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါသည်

#credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...