" အလွယ်ကူဆုံး မုန့်ဗိုင်းတောင့် ပြုလုပ်နည်း "
ဒီ့ထက်လွယ်တဲ့နည်းမရှိတော့ပါဘူးနော် ☺️
ပဲလွန်းကို တစ်ညရေကြိုစိမ်ထား ပြီးနောက်
ပဲကျက်အောင်ပြုတ်ထားပါ
ဆမ်မှုန့်၂ဆ ကောက်ညှင်းမှုန့်၁ဆ ဆော်ဒါနဲ့ဆား
နည်းနည်းထည့် ရေအသင့်ထည့်ပြီး
မုန့်သားမကျစ်မမာရအောင်နယ်ပြီး
၁၀မိနစ်လောက်ပြုတ် ရလာတဲ့မုန့်ကို
အအေးခံ ပြီးမှလက်ဖနောင့်နဲ့ဖိပြီး
တစ်ခါပြန်နယ် ပြုတ်ထားတဲ့ပဲလွန်းကိုလည်းရောမွှေပါ
ပြီးနောက်အဆုပ် ဆုပ်လေးလုပ်
ဆီစိမ်းလေးနည်းနည်းလူပြီး
ထမင်းပေါင်းအိုးအကန့်လေးထဲထည့်ပေါင်းရုံပါဘဲ
နှမ်းထောင်း အုန်းသီးတို့ဖြင့်တွဲစားပါနော်
Credit Ma May Moe Phyu
Credit photo
#မုန့်ဗိုင်းတောင့် See less
No comments:
Post a Comment