🐷ဝက်လက်စွပ်ပြုတ်🐷
-------------------
လိုအပ်သောပစ္စည်းများ
ဝက်လက် ၁ချောင်း (၅၀သားခန့်)
ဆား အနည်းငယ်
သကြား ၁ဇွန်း(သေး)
နာနတ်ပွင့် ၁ပွင့်
ခရုဆီ ၁ဇွန်း(သေး)
ပဲငံပြာရည်အနောက် အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
နှမ်းဆီမွှေး အနည်းငယ်
ကြက်သွန်မိတ် ၃ပင်
ထိုက်ဝမ်မုန့်ညှင်း ၂ပင်
မုန့်ညှင်းစိမ်း ၂ပင်
ကြက်သွန်ဖြူ ၄မွှာ
ဂျင်း ၂ပြား
● ဝက်လက်ကို အတုံးကြီးကြီးတုံး အမွှေးအမျှင်များသေချာသန့်စင်ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်
ထားပါ။
● ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
● pressure cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြား
ရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ ဆူလာလျှင် ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့် တည်ပါ။
ရလျှင် ထိုင်ဝမ်မုန့်ညှင်း၊မုန့်ညှင်းစိမ်း၊ နှမ်းဆီမွှေးထည့်၍ချပါ။
ကြက်သွန်မြိတ်ပါးပါးနှင့် ငရုတ်ကောင်းထည့်လိုက်ပါက မွှေးပျံအရသာရှိလှတဲ့ ဝက်လက်စွပ်ပြုတ်ကို သုံးဆောင်နိုင်ပါပြီရှင်
(ချဉ်စပ်ကြိုက်ပါက ငရုတ်သီးစိမ်းနှင့် သံပုရာသီး ထည့်၍ သုံးဆောင်နိုင်ပါတယ်နော်)
Source #Internet
Credit
Comments
Post a Comment