Skip to main content

မုန့်စိမ်းပေါင်းပြုလုပ်နည်းပါ

မုန့်စိမ်းပေါင်းပြုလုပ်နည်းပါ



=========
-မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။
ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါမယ်။😋
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။.
ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီး
လက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။.

-အောက်ခံအိုးထဲကိုရေထည့်ပြီးတာနံ့
အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။
၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင်
မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။.

-လက်နဲ့ကိုင်နိုင်တဲ့အနေအထားတစ်ခုမှာ
တစ်၀က်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကို
ဆုံထဲထည့်ထောင်းပါ။
ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။.

-မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီး
အညို သားက အချိုဖြစ်ပါတယ်။
အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။
အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီး
မုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။
ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။

-ထန်းညက် ၅၀ကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီးတာနဲ့ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။

-မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်)နဲ့ပေါင်းရပါတယ်ရှင်။
အခုတချို့က ပေါင်းစကာတွေနဲ့ပေါင်းကြပါတယ်။
မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြားပေါ်မှာ ပိတ်စိမ်းပါး(ရှန်သား)ခင်းထားပါ။
ထောင်းထားတဲ့ မုန့်အညို သားကို စကာနဲ့ရွရွလေးချပါ။
အညို သားပေါ်က အဖြူ သားကို စကာချပါ။
ပြီးရင် အပေါ်ကနေပဲလွန်းပြု တ်ကိုဖြူ းပါ။
အိမ်စားဖို့ကောင်းကောင်းဆိုရင် ပဲလွန်းအစား
သီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ဖရုံယို တို့ ထည့်နိုင်ပါတယ်ရှင်။

-ပြီးရင် အဖုံးအုပ်ပြီး နာရီ၀က်လောက်ပေါင်းရင် နပ်ပါပြီ။
မုန့်စိမ်းပေါင်းကို လက်ဖက်ရည်၊ကော်ဖီတို့နဲ့တွဲဖက်စားလို့ရသလို
ရေနွေးကြမ်းနဲ့လည်းတွဲဖက်စားလို့ရတဲ့
မြန်မာ့ရိုးရာစားစရာမုန့်ဖြစ်ပါတယ်။

Credit ပါ

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...