Translate(ဘာသာပြန် )t🤦‍♂️🤦‍♂️🤦‍♂️😤

Friday, August 19, 2022

#မရမ်းသီးစိမ်းငါးသလောက်ပေါင်း


 #မရမ်းသီးစိမ်းငါးသလောက်ပေါင်း

အခုလို မရမ်းသီး ပေါတဲ့အချိန်မှာ ငါးသလောက်ကို မရမ်းသီး လေးနဲ့ ပေါင်းတဲ့အခါ မရမ်းသီးကြောင့် အအီပြေတဲ့အပြင် ငါးသလောက်ပေါင်းကို အခြားဟင်းနဲ့တွဲဖက်စရာမလိုအောင် လိုက်ဖက်လှပါတယ်ရှင်။

ပါဝင်ပစ္စည်း

၁။ ငါးသလောက် ၃၀သားအရွယ် တစ်ကောင်

၂။မရမ်းသီး အရွယ်တော် ၆လုံး

၃။ဆား လက်ဖက်စားဇွန်း၁ဇွန်း

၄။စိမ်းစားငပိ လက်ဖက်စားဇွန်း တစ်ဇွန်း

၅။ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း

၆။နေကြာဆီ ထမင်းစားဇွန်း ၅ဇွန်း

၇။သကြား လက်ဖက်စားဇွန်း တစ်ဇွန်း

၈။ကြက်သွန်နီ ဥသေး ၁၀လုံး

၉။ကြက်သွန်ဖြူ တစ်လုံး

၁၀။ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း

၁၁။နနွင်း လက်ဖက်စားဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

၁။ငါးသလောက်ကို ဗိုက်ဖောက်အူထုတ် အကြေးထိုး ဆေးကြောသန့်စင်ပြီး တက်ကြောထုတ်ထား၍ အနေတေါ်တုံးထားပါ။ ( ခေါင်းနဲ့ကိုယ် ဆက်တဲ့နေရာက လှီးချပြီး ဘေးနှစ်ဖက် အရေပြားနဲ့အောက်ကပ်လျက်မှာ အကြောဖြူဖြူလေး တစ်ဖက်ကို တစ်ချောင်းစီရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ အသာလေးဆွဲထုတ်ရင် တစ်ချောင်းလုံးအရှည်ကြီးထွက်လာပါတယ်။ တက်ကြောထုတ်ပုံကို first comment မှာ ပုံပြထားပေးပါ့မယ်။)

၂။မရမ်းသီး ကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ထားပါ။

၃။ကြက်သွန်နီ ၃လုံးနှင့် ကြက်သွန်ဖြူ ၁လုံးကို ရောထောင်းပါ။

၄။ငါးသလောက်ကို ဆား၊ ငါးငံပြာရည်၊ သကြား၊ နနွင်း တို့နဲ့ အရသာဝင်အောင် နယ်ထားပါ။

ချက်ပြုတ်ပုံ

Pressure cooker ထဲ  နေကြာဆီ ထမင်းစားဇွန်း ၅ဇွန်းထည့် ဆီဆူရင် ကြက်သွန်ဖြူနီထောင်းထားတာထည့် ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ဆီသတ်ပါ။ ဆီသတ်တာမွှေးလာပြီဆို ငါးသလောက် ထည့် မရမ်းသီး တစ်ဝက် ( ၃လုံး ခြမ်းထားတာ)ထည့် ရေကို ငါးမြုပ်ရုံထည့်ပြီး ၁နာရီ တည်ပါ။ ၁နာရီ ပြည့်ရင် အရသာမြည်းကြည့် မရမ်းသီးကျန် ၃လုံးခြမ်းထားတာထည့်၊ကြက်သွန်နီ ဥသေးကျန်တာထည့်၊ ရေခမ်းပြီးဆီပြန်အောင် အဖုံးဖွင့် ပြီး ၅မိနစ်ထပ်တည်ပါ။ 

အချိန်ပြည့်ရင်တော့ အရိုးလဲနူး မရမ်းသီး အရသာလေးနဲ့ မအီတဲ့ မရမ်းသီးစိမ်းငါးသလောက်ပေါင်း ရပါပြီရှင်။

Credit : မူရင်းရေးသားသူ

No comments:

Post a Comment