Labels

Wednesday, September 21, 2022

အားရှိစေမဲ့ ဆိတ်ရိုးစွတ်ပြုတ်


အားရှိစေမဲ့ ဆိတ်ရိုးစွတ်ပြုတ်

ပါဝင်ပစ္စည်းတွေကတော့

— — — — — — — — —

ဆိတ်ရိုး (နံရိုး/ခြေထောက်ရိုး နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်)

နနွင်းမှုန့်

အသားမဆလာ ၁ မျိုးမျိုး (ကုလားလေးမဆလာ အသုံးပြုလို့လဲရပါတယ်)

သစ်ကြားပိုးခေါက်

ကရဝေးရွက်

ဂျင်းကြက်သွန်ဖြူ ကိုရောထောင်းထားသောအထောင်း

ကြက်သွန်နီ

ငရုတ်သီးအရောင်တင်မူန့်

ပျဉ်းတော်သိမ်းအရွက်

ငရုတ်ကောင်းမူန့်

ဆား

ဟင်းခတ်မှုန့်တွေ လိုအပ်ပါတယ်

ပြုလုပ်နည်းလေးကတော့

— — — — — — — — — —

ပထမဦးဆုံး စွတ်ပြုတ်ချက်မဲ့အိုးကိုအပူပေးပါ

ထို့နောက်ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပြီဆိုရင်

ကြက်သွန်နီ လှီးထားတာ ရယ်

ဟင်းခတ်အမယ် (သစ်ကြားပိုးခေါက် ၊ ကရဝေးရွက် ၊ ဂျင်းကြက်သွန်ဖြူအထောင်း ၊ ငရုတ်သီးအရောင်တင်မှုန့် ၊ မဆလာ ၊ ပျဉ်းတော်သိမ်းရွက်) တွေကို ရောပြီး ဆီသတ်ပါမယ်

ဆီသတ်နံ့လေး မွှေးလာရင်

ဆိတ်ရိုး ထည့်ပါ

ပါဝင်ပစ္စည်းတွေကိုသမအောင်မွှေပေးပါ

အချိန်အနည်းငယ်လေးသမအောင်မွှေပြီးနောက် ရေထည့်ပါ

အရိုးနူးဖို့အတွက်ခပ်ကြာကြာတည်ထားပေးဖို့ လိုပါတယ်

ဆိတ်ရိုးတွေနူးလာပြီဆိုရင်တော့

ဟင်းခတ်မှုန့် ၊ဆား တို့ကိုလိုသလောက်ထည့်ပြီး

ငရုတ်ကောင်း မှုန့်လေး ဖြူးကာ

အနံ့အရသာနဲ့ပြည့်စုံပြီး အာဟာရဖြစ်စေသော ဆိတ်ရိုးစွတ်ပြုတ်လေးကို သုံးဆောင်လို့ရပါပြီ။

Crd

No comments:

Post a Comment