Skip to main content

Posts

Showing posts from December, 2022

#ရှယ်ငပိကြော်နည်း

 #ရှယ်ငပိကြော်နည်း ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ ငပိကြော် ကြော်နည်းလေးပါ ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ ဒီလိုအကြော်မျိုးစားရတက်ပါတယ် ကြော်နည်းလေးရေးပေးလိုက်ပါတယ် ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော် ပြီးဆီစစ်ထားပါ မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး နယ်ထားပါ ကြော်မယ့်အိုးထဲမှာ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့် ဆီများများနဲ့ကြော်ပါ ကြက်သွန်တွေကြွပ်ခါနီးမှာ  ငရုတ်သီးခွဲခြမ်း တွေထည့်ပြီးကြော်ပါ ပြီးရင် မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊ ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ မကြာခဏမွှေကြော်ပေးပါ ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါ ငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး နောက်ဆုံးမှ ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးးထည့်ပါ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။  Credit

ငရုတ်သီးစိမ်းရခိုင်ချက်

  ငရုတ်သီးစိမ်းရခိုင်ချက် ----------------------------------    ရခိုင်ဟင်းလျာတွေဟာ ဆီအသုံးနည်းပြီး ပူပူစပ်စပ်ကလေးနဲ့ ချဉ်ငန်စပ် အရသာကဲလို့ နှုတ်မြိန်စေတဲ့အတွက် အကြိုက်များကြတာ ဖြစ်ပါတယ်။ ငရုတ်သီးကို ရခိုင်ရိုးရာပုံစံချက်ထားတဲ့ ငရုတ်သီးချက်က အတို့အမြှုပ်စုံစုံလင်လင်နဲ့ စားကြတဲ့  အခါ  ထမင်းဝိုင်းမှာ ငရုတ်သီးချက်တစ်ခွက်နဲ့တင် အခြားဟင်းအမည်များ မလိုအောင် ပြည့်စုံတယ်လို့ ကြိုက်နှစ်သက်သူများက ပြောကြပါတယ်။ ပါဝင်ပစ္စည်းများ • ငရုတ်သီးစိမ်းတောင့်  -  ၁၀ ကျပ်သား • ရေငန်ငါး (ပင်လယ်ငါး)  -  ၁၀ ကျပ်သား • မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း • မန်ကျည်းသီး  -  ခုံညင်းလုံးခန့် • ဆား၊ နနွင်းမှုန့်၊ နံနံပင်  -  သင့်ရုံ ပြုလုပ်နည်း ၁။ ငရုတ်သီးရခိုင်ချက် ချက်ရန် မည်သည့် ပင်လယ် ငါးမျိုးမဆို သုံးနိုင်ပါသည်။ ရေချိုငါးများနှင့် လည်း ချက်နိုင်ပါသည်။ ငါးကို သန့်စင်အောင် ဆေးကြောပြီး ဆားနှင့် နနွင်းမှုန့်ထည့်၍ ရေနှင့် ပြုတ်ပြီး အရိုးဖယ်ကာ အသားနွှင်ထားပါ။ ဆီကို သီးခြားမသုံးဘဲ ငါးမှထွက်သည့် သဘာဝအဆီ ဖြင့်သာ ချက်ပြုတ်ကြခြင်း ဖြစ်ပါသည်။ ၂။ ငရုတ...

#သရက်သီးသနပ်

 ဒီနေ့တော့သူငယ်ချင်းတို့ကိုကျွန်မအဘွားဖြစ်သူရဲ့သရက်သီးသနပ်လုပ်နည်းလေးမျှဝေပါရစေ။အဘွားဆီကတဆင့်အမေကသင်ယူခဲ့ပြီး ခုကျွန်မကအမေ့ဆီကနေပြန်လည်သင်ယူခဲ့တာပါ။ #သရက်သီးသနပ် ပါဝင်ပစ္စည်း ၁။သရက်သီးစိမ်း-၄လုံး (အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ် စိုင်သီး (သို့)ရင်ကွဲသီး) ၂။ဆီ-၄၀ကျပ်သား ၃။ဂျင်း-လက်တဆစ် ၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း ) ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။ ၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂ (ထမင်းစားဇွန်း) ၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း) ၇။ဆား-၃(ထမင်းစားဇွန်း) ၈။ကြက်သွန်ဖြူ – ၅ကျပ်သား ပြုလုပ်နည်း ၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက် အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်း ပြီးတခြမ်းကို၈စိတ်စိတ်ပါ။ ၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီး တနာရီလောက်လေသလပ်ခံထားပါ။ ၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲ ခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကို လည်းသန့်စင်ပြီးနေလှန်းပါ။ ၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက် တညက်အမှုန့်ကြိတ်ပါ။ ၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။ ၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့် ပြီးဆီသတ်ပါ။ ၇။ဆီဆူပွက်လာရင်မီးပေါ်ကအောက...

ပြာရည်ထုပ် လုပ်နည်း

  ပြာရည်ထုပ် လုပ်နည်း ***************** ကောက်ညှင်းဆန်ကိုရေစင်အောင်ဆေးပြီး ထုံး baking sodaနည်းနည်းထည့်ပြီး ရေတစ်ညစိမ်ထားပါ။ #edit (food colour)အဝါရောင်လေးနဲနဲထည့်😁 တကယ့်ပြာရည်အစစ်ဆို( lye waterပြာရည်)ထည့်ပါတယ် ဒါကတော့အတုပါ🙂🙂 နောက်နေ့ကျရင်ကောက်ညှင်းဆန်ကိုရေပြန်ဆေးပြီး စစ်ထားပါ။ ကြံရွက်(or)ဝါးရွက်တွေကိုသန့်စင်ထားပါ။ကြံရွက်ထဲကို ကောက်ညှင်းဆန်ထည့်ပြီးထုပ်ပါ။ သင်အူနဲ့ စည်းပါ။(မရှိရင် ရာဘာကွင်းနဲ့စီး😁) အိုးထဲကိုပြာရည်ထုပ်တွေစီထည့်ပါ။ ရေမြုပ်တဲ့အထိထည့်ပြုတ်ပေးပါ။ ၁နာရီ ဖစ်ဖစ်၁နာရီခွဲဖစ်ဖစ် ကိုယ်ထည့်ထားတဲ့ကောက်ညှင်းနဲ့ချိန်ပြီး ထည့်ပြုတ်ပေးပါရှင်။ တွဲစားဖို့ ******* အုန်းသီးခြစ်ဘီ ဆားနယ် သကြား Crd💕ဆွေဇင်💕

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...

ခရမ်းသီး ၁၁ မျိုး

  ခရမ်းသီး ၁၁ မျိုး ခုမှတစ်စုတစ်စည်းတည်းမြင်ဖူးတော့တယ် Photo Crd