#ရှယ်ငပိကြော်နည်း ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ ငပိကြော် ကြော်နည်းလေးပါ ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ ဒီလိုအကြော်မျိုးစားရတက်ပါတယ် ကြော်နည်းလေးရေးပေးလိုက်ပါတယ် ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော် ပြီးဆီစစ်ထားပါ မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး နယ်ထားပါ ကြော်မယ့်အိုးထဲမှာ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့် ဆီများများနဲ့ကြော်ပါ ကြက်သွန်တွေကြွပ်ခါနီးမှာ ငရုတ်သီးခွဲခြမ်း တွေထည့်ပြီးကြော်ပါ ပြီးရင် မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊ ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ မကြာခဏမွှေကြော်ပေးပါ ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါ ငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး နောက်ဆုံးမှ ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးးထည့်ပါ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။ Credit
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈