Skip to main content

Posts

#droprich

စီးပွားရေး လုပ်ချင်တဲ့သူများအတွတ်  ပညာ ရည်ချင်း မလိုဘူး ထိုင်းစကားတက်စရာမလိုဘူး  အရင်နီုး အများကြီး မရင်းရဘူး တသက်မှ တစ်ခါပဲရင်းရတယ် လေ့လာခွင့်ပေးထားပါတယ်  free ပါ စိတ်ဝင်စားရင် cbလာမေးပါ ခင့်ဗျား

#Droprich စီးပွားရေး droprich Application Login ဝင်နည်း

 စီးပွားရေး ဒီခေတ်မှာ သိန်းတစ်ထောင် လိုချင်ရင် မခက်တော့ပါဘူး ဘယ်သူမဆိုလုပ်နိုင်နေကြပြီး ဝင်ငွေအကောင်းဆုံးခေတ်သစ်စျေးဝယ်အက်ပ် Droprich နဲ့စာရင်းသွင်းလိုက်ပါ။ ✅ အရင်းအနှီးမလိုပါ။ ✅ အတွေ့အကြုံ များမလိုပါ။ ✅ ကွန်ပြူတာ မကျွမ်းကျင်ရန်မလိုပါ။ ✅ အချိန်အများကြီး ပေးပြီးလုပ်စရာမလိုပါ ✅ ရောင်းတတ်ဖို့လဲ မလိုပါ။ စျေးဝယ်ရတာ ပျော်စရာကောင်းလား သိချင်ကြလား။ ဝင်ငွေဘယ်လိုရှာကြလဲ။ အခုပဲ လျှောက်ထားလိုက်ပါသင်အခွင့်အရေးအများကြီးရရှိမည်။ สินค้าอื่นๆ ของบัญชีนี้ ดูทั้งหมด အချိန်နှင့်တပြေးညီ ငွေထုတ်ခြင် စီးပွားရေးလုပ်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ ⁉ ပြီးတော့ ပိုက်ဆံလည်း အမြဲဝင်နေတယ်။ ❗ အချိန်နှင့်တပြေးညီ ငွေထုတ်ယူရန် အဆင်သင့်ဖြစ်ခြင်း။ Droprich 💸 ဖြင့် စာရင်းသွင်းလိုက်ပါ။သင်ရနိုင်မည်။ စျေးဝယ် app နဲ့ပိုက်ဆံရှာပါ။ အပြင်းထန်ဆုံး ☑ တရားဝင်အာမခံချက် အတည်ပြုစာရွက်စာတမ်းများရှိသည်။ ☑ အချိန်မရွေး ငွေထုတ်ပါ။ အများကြီး ရင်းနှီးဖို့ မလိုပါဘူး။ စျေးဝယ်လေ ပိုချမ်းသာလေ စျေးဝယ်လေ ပိုချမ်းသာလေလေ ⁉ Droprich ဖြင့် စျေးဝယ်ထွက်ခြင်း​၏ အတွေ့အကြုံအသစ်ကိုခံစားကြည့်လိုက်ပါ။ tiktok တွင် ဝင်ငွေအ လွယ်ကူပြီး အမှန်ပါပဲရတယ် Droprich အက်ပ...

အရည်သောက်ဟင်းလေ

  အရည်သောက်ဟင်းလေးစားချင်လို့...😋😋 စျေးထဲမှာရှိတဲ့ရသလောက်အသီးအရွက်လေးနဲ့ပဲ..... ချက်ထားရတဲ့တာလပေါဟင်း (ချက်နည်းမပြည့်စုံရင်လည်းခွင့်လွှတ်ပါလို့) ✏ ကြက်ရိုးတွေရေဆေး ဆား ဆနွင်း အရသာမှုန့်လေးနယ်ပြီး ဂျင်းထောင်းထည့်ပြီးပြုတ်ထား ✏ ဗူးညွန့်တစ်စည်း ၊မျှစ်ဝါနု ၁၀သား ၊ရုံပတီသီး ၁၀တောင့် ၊ မုန်ညင်းဖူး တစ်စည်း ၊ငရုတ်အနီတောင့် ၇တောင့် ၊ဆူးပုတ် တစ်စည်း...တိုကိုဆားရည်နဲ့စိမ်ရေဆေးပြီး ရေစစ်ထားပါ။ ✏ ဆန်လက်တစ်ဆုပ်ကိုလှော်ပြီးထောင်းထားပါ။ ✏ ဟင်းရည်အိုးဆူလာရင် မျှင်ငပိလက်ဖက်စားဇွန်းတစ်ဇွန်းထည့် ကြက်သွန်ဖြူနှစ်လုံးထောင်းထည့် ။ကြက်သွန်နီတစ်လုံးလေးစိတ် စိပ်ထည့်ပါ။ ✏ ဆန်လှော်မှုန့်ထောင်းထားတာလေးထည့်ပြီးဆူအောင်ထား ✏ ပြီးရင်တော့မျှစ်အရင်ထည့်မယ်.... ကျန်တဲ့အသီးအရွက်တွေအုပ်ပြီး ဆား အရသာမှုန့်လေးခပ် ငရုတ်ကောင်းမှုန့်လေးဖြူး ဆူးပုတ်ရွက်လေးအုပ်လိုက်ပါ။ 😋ဆန်လှော်မှုန့်နံ့မွှေးမွှေးလေးနဲ့အရမ်းစားကောင်းတဲ့ တာလပေါဟင်းလေးတစ်ပွဲရပါပြီနော်.......🍲 🙂 လိုအပ်ချက်လေးတွေရှိရင်လည်းပြောပြပေးပါလို့ Credit Mar lay See less

#ရှယ်ငပိကြော်နည်း

 #ရှယ်ငပိကြော်နည်း ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ ငပိကြော် ကြော်နည်းလေးပါ ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ ဒီလိုအကြော်မျိုးစားရတက်ပါတယ် ကြော်နည်းလေးရေးပေးလိုက်ပါတယ် ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော် ပြီးဆီစစ်ထားပါ မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး နယ်ထားပါ ကြော်မယ့်အိုးထဲမှာ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့် ဆီများများနဲ့ကြော်ပါ ကြက်သွန်တွေကြွပ်ခါနီးမှာ  ငရုတ်သီးခွဲခြမ်း တွေထည့်ပြီးကြော်ပါ ပြီးရင် မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊ ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ မကြာခဏမွှေကြော်ပေးပါ ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါ ငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး နောက်ဆုံးမှ ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးးထည့်ပါ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။  Credit

ငရုတ်သီးစိမ်းရခိုင်ချက်

  ငရုတ်သီးစိမ်းရခိုင်ချက် ----------------------------------    ရခိုင်ဟင်းလျာတွေဟာ ဆီအသုံးနည်းပြီး ပူပူစပ်စပ်ကလေးနဲ့ ချဉ်ငန်စပ် အရသာကဲလို့ နှုတ်မြိန်စေတဲ့အတွက် အကြိုက်များကြတာ ဖြစ်ပါတယ်။ ငရုတ်သီးကို ရခိုင်ရိုးရာပုံစံချက်ထားတဲ့ ငရုတ်သီးချက်က အတို့အမြှုပ်စုံစုံလင်လင်နဲ့ စားကြတဲ့  အခါ  ထမင်းဝိုင်းမှာ ငရုတ်သီးချက်တစ်ခွက်နဲ့တင် အခြားဟင်းအမည်များ မလိုအောင် ပြည့်စုံတယ်လို့ ကြိုက်နှစ်သက်သူများက ပြောကြပါတယ်။ ပါဝင်ပစ္စည်းများ • ငရုတ်သီးစိမ်းတောင့်  -  ၁၀ ကျပ်သား • ရေငန်ငါး (ပင်လယ်ငါး)  -  ၁၀ ကျပ်သား • မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း • မန်ကျည်းသီး  -  ခုံညင်းလုံးခန့် • ဆား၊ နနွင်းမှုန့်၊ နံနံပင်  -  သင့်ရုံ ပြုလုပ်နည်း ၁။ ငရုတ်သီးရခိုင်ချက် ချက်ရန် မည်သည့် ပင်လယ် ငါးမျိုးမဆို သုံးနိုင်ပါသည်။ ရေချိုငါးများနှင့် လည်း ချက်နိုင်ပါသည်။ ငါးကို သန့်စင်အောင် ဆေးကြောပြီး ဆားနှင့် နနွင်းမှုန့်ထည့်၍ ရေနှင့် ပြုတ်ပြီး အရိုးဖယ်ကာ အသားနွှင်ထားပါ။ ဆီကို သီးခြားမသုံးဘဲ ငါးမှထွက်သည့် သဘာဝအဆီ ဖြင့်သာ ချက်ပြုတ်ကြခြင်း ဖြစ်ပါသည်။ ၂။ ငရုတ...

#သရက်သီးသနပ်

 ဒီနေ့တော့သူငယ်ချင်းတို့ကိုကျွန်မအဘွားဖြစ်သူရဲ့သရက်သီးသနပ်လုပ်နည်းလေးမျှဝေပါရစေ။အဘွားဆီကတဆင့်အမေကသင်ယူခဲ့ပြီး ခုကျွန်မကအမေ့ဆီကနေပြန်လည်သင်ယူခဲ့တာပါ။ #သရက်သီးသနပ် ပါဝင်ပစ္စည်း ၁။သရက်သီးစိမ်း-၄လုံး (အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ် စိုင်သီး (သို့)ရင်ကွဲသီး) ၂။ဆီ-၄၀ကျပ်သား ၃။ဂျင်း-လက်တဆစ် ၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း ) ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။ ၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂ (ထမင်းစားဇွန်း) ၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း) ၇။ဆား-၃(ထမင်းစားဇွန်း) ၈။ကြက်သွန်ဖြူ – ၅ကျပ်သား ပြုလုပ်နည်း ၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက် အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်း ပြီးတခြမ်းကို၈စိတ်စိတ်ပါ။ ၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီး တနာရီလောက်လေသလပ်ခံထားပါ။ ၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲ ခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကို လည်းသန့်စင်ပြီးနေလှန်းပါ။ ၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက် တညက်အမှုန့်ကြိတ်ပါ။ ၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။ ၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့် ပြီးဆီသတ်ပါ။ ၇။ဆီဆူပွက်လာရင်မီးပေါ်ကအောက...

ပြာရည်ထုပ် လုပ်နည်း

  ပြာရည်ထုပ် လုပ်နည်း ***************** ကောက်ညှင်းဆန်ကိုရေစင်အောင်ဆေးပြီး ထုံး baking sodaနည်းနည်းထည့်ပြီး ရေတစ်ညစိမ်ထားပါ။ #edit (food colour)အဝါရောင်လေးနဲနဲထည့်😁 တကယ့်ပြာရည်အစစ်ဆို( lye waterပြာရည်)ထည့်ပါတယ် ဒါကတော့အတုပါ🙂🙂 နောက်နေ့ကျရင်ကောက်ညှင်းဆန်ကိုရေပြန်ဆေးပြီး စစ်ထားပါ။ ကြံရွက်(or)ဝါးရွက်တွေကိုသန့်စင်ထားပါ။ကြံရွက်ထဲကို ကောက်ညှင်းဆန်ထည့်ပြီးထုပ်ပါ။ သင်အူနဲ့ စည်းပါ။(မရှိရင် ရာဘာကွင်းနဲ့စီး😁) အိုးထဲကိုပြာရည်ထုပ်တွေစီထည့်ပါ။ ရေမြုပ်တဲ့အထိထည့်ပြုတ်ပေးပါ။ ၁နာရီ ဖစ်ဖစ်၁နာရီခွဲဖစ်ဖစ် ကိုယ်ထည့်ထားတဲ့ကောက်ညှင်းနဲ့ချိန်ပြီး ထည့်ပြုတ်ပေးပါရှင်။ တွဲစားဖို့ ******* အုန်းသီးခြစ်ဘီ ဆားနယ် သကြား Crd💕ဆွေဇင်💕