Skip to main content

#လွယ်လွယ်ကူကူကြက်ချဉ်စပ်ဟော့ပေါ့ချက်နည်း 😋


 #လွယ်လွယ်ကူကူကြက်ချဉ်စပ်ဟော့ပေါ့ချက်နည်း 😋

🧏🧏သူငယ်ချင်းတွေစုံရင်ပျော်ပျော်သာချက်စားပစ်🧑‍🍳🧑‍🍳

Homemade (ချက်ရတာအရမ်းလွယ်ကူတာနော်)

ချဉ်ချဉ်စပ်စပ်လေးနဲ့ စားကောင်းချက်ကနော် အရသာကတော့ပြောမနေနဲ့တော့ လုပ်စားကြည့်မှသိမယ်😁

#ပါဝင်ပစ္စည်းများ

-ကြက်သား(အိမ်မှာကတော့လူ၄ယောက်စာဗမာကြက်တစ်ကောင်ထည့်ပါတယ် စားမယ့်လူပမာဏနဲ့ချိန်ပြီးကြိုက်သလောက်ထည့်ပေါ့နော်😁)

-ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်

-ဟော့ပေါ့အနှစ်ထုပ်(အခုပုံမှာပြထားတဲ့အနှစ်ထုပ်လေးကစျေးချိုပြီးခိုင်လီကြက်ချဉ်စပ်ဟော့ပေါ့အရသာနဲ့တော်တော်လေးဆင်ပါတယ်) အခုချက်ပြထားတဲ့အိုးမျိုးဆိုရင်တော့တစ်ထုပ်ခွဲလောက်ထည့်ရပါတယ်

-အသားမှုန့်/ဆားအနည်းငယ်

-CP chicken/pork sausage ကျန်တာတွေကတော့ပြောတော့ဘူးနော်😁ကိုယ်ကြိုက်နှစ်သက်ရာအသား/ဟင်းသီးဟင်းရွက်အမျိုးမျိုးထည့်လို့ရပါတယ်

(ကြက်ချဉ်စပ်ဟော့ပေါ့ဖြစ်တဲ့အတွက်ကြက်သားကတော့မပါမဖြစ်ပေါ့နော်)

#ချက်ပြုတ်နည်း

-ဆီကိုအိုးကပ်တယ်ဆိုရုံလေးထည့်ပြီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ

-အနံ့လေးမွှေးလာပြီဆိုကြက်သားထည့်ပါ (ကြက်သားကိုဆား/ဆနွင်း/အချိုမှုန့်အနဲငယ်ထည့်နယ်ထားပေးပါ)

-ကြက်သားအရောင်ပြောင်းပြီးအနဲငယ်ခြောက်လာပြီဆို ဟော့ပေါ့အနှစ်ထည့်ပါ ရေမထည့်သေးပဲကြက်သားနဲ့ဟော့ပေါ့အနှစ်ကို၅မိနစ်ခန့်ချက်ပေးပါ ပြီးရင်ရေထည့်ပါကြက်သားကျက်စေရန်၁၀/၁၅မိနစ်ခန့်တည်ထားပေးပါ(ဒီအဆင့်မှာတခြားအသား/အသားလုံးစတဲ့ကျက်ဖို့လိုတဲ့အဆာပလာတွေထည့်ထားလို့ရပါပြီ)

-အပေါ့အငန်အတွက်အသားမှုန့်/ဆားကိုလိုသလောက်ထည့်ပေးပါ

-ရေဗွမ်းဗွမ်းဆူပြီးအသားတွေလဲကျက်ပြီဆိုရင်တော့မိမိကြိုက်နှစ်သက်ရာအရွက်တွေထည့်ပြီးသုံးဆောင်နိုင်ပါပြီ🤗🤗🤗စားကောင်းကြပါစေရှင့်

Crd😋

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...