Skip to main content

ကြက်ခြေထောက်ချဉ်စပ်

 ကြက်ခြေထောက်ချဉ်စပ်


===============

ချဉ်စပ်လုပ်ဖို့အတွက် ကြက်ခြေထောက်တွေချည်း သီးသန့်ဝယ်လာပြီး ရေစင်အောင်ဆေးပြီးသန့်ရှင်းအောင် ပြုလုပ်ပါတယ်။

ပြီးရင် ရေနွေးဆူအောင် တည်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ အရသာမှုန့်ထည့်ပြီး ကြက်ခြေထောက်တွေကို ပြုတ်ပါတယ်။ ကြက်ခြေထောက်တွေ နူးလာရင် ဆယ်ထားပြီး အအေးခံထားပါတယ်။

မုန်လာဥနီ၊ မုန်လာဥဖြူ၊ သခွားသီး၊ တရုတ်နံနံ (အရွက်မပါစေပဲ အရိုးသီးသန့်) တို့ကို ရှည်ရှည်သွယ်သွယ် လှီးဖြတ်ထားပါတယ်။ (အရွက်ထည့်ရင် အရွက်တွေက အချဉ်မှာ အချိန်ကြာကြာစိမ်ရင် နွမ်းရိသွားတတ်လို့ပါ။ ) ဂျင်းကို ပါးပါးရှည်ရှည်လေးလှီး၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ငရုပ်သီးစိမ်း များများကို ပါးပါးလှီးထားပါတယ်။ 

ပြီးရင်တော့ အိုးတစ်ခုထဲကို ရှာလကာရည်၊ ရေကျက်အေး(ရေသန့်)၊ ဆား၊ သကြား အနည်းငယ်၊ စီချွမ် ငရုပ်ကောင်းစေ့ (ဟွားကျောင်း or မက်‌ခါးသီး) အရသာမှုန့် တို့ကို ထည့်ပြီး ကြက်ခြေထောက်၊ မုန်လာဥဖြူနီ၊ သခွားသီး၊ နံနံရိုးနဲ့ငရုပ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ အားလုံးကို ရောမွှေကာ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရင် ဒီနေ့ညလုပ်ထားပြီး မနက်ဖြန်မနက်ဆို မုန်လာဥတွေရော၊ ကြက်ခြေထောက်တွေရော အထဲကို ချဉ်စပ်စပ်အရသာဝင်သွားပြီး၊ ကျွတ်ဆတ်ဆတ်လေးနဲ့ အရမ်းကို စားလို့ကောင်းနေပါပြီ။

တကယ်လို့ မနက်ခင်းမှာ အချဉ်စိမ်ရင်တော့ နေ့လည်ပိုင်းလောက်ဆို စားနိုင်ပါတယ်။ မြန်မြန်စားချင်ရင် ရေခဲသေတ္တာထဲ မထည့်ပဲ ရိုးရိုးအခန်းတွင်း အပူချိန်မှာပဲ ထားပါ။ ဒါဆို မြန်မြန်ချဉ်ပါတယ်။

စားခါနီးမှာ ရှမ်းနံနံ ပါးပါးလှီး၊ သံပုရာသီးပါးပါးလှီး၊ အချဉ်အရသာ ပေါ့နေသေးရင် သံပုရာသီးလေးညှစ်တော့ သံပုရာနံ့လေးမွှေးတော့ ပိုစားကောင်းစေပါတယ်။ နှမ်းလှော်ထားတာရယ်၊ ငရုပ်သီး ဆီကြော်လေးရယ် ထပ်ထည့်ပြီး အရသာအပေါ့အငံ လိုသလို ပြန်ထည့်ပြီး စားနိုင်ပါပြီ။

အသီးအရွက်တွေရော ကြက်ခြေထောက်ရော အရသာကောင်းလှသလို အချဉ်ရည်လေးကလည်း အရသာအပြည့်ပါပဲ။

#မူရင် ရေးသားသူကို Credit ပေးပါသည်

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...