ငါးရံ့ခေါင်းချစ်တီးဟင်း...😋
=================
ပါဝင်ပစ္စည်းများ
ငါးရံ့ခေါင်းနှစ်ခေါင်း
မုန်လာဥဖြူတစ်ဥ
ငရုတ်ပွခြောက်သုံးခု
ကြက်သွန်နီနှစ်လုံး
ကြက်သွန်ဖြူလေးမြွာ
မန်ကျည်းမှည့်ရည်အနည်းငယ်
နံနံပင်အနည်းငယ်
ငါးမဆလာအနည်းငယ်
ဆီစားပွဲတင်ဇွန်းသုံးဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
၁။ပထမဦးစွာ ငါးရံ့ခေါင်းများကိုကြေးထိုးသန့်စင်၍ ရေစင်အောင် ဆေးကာ ငံပြာရည်၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့်နယ်ထားပါ။
၂။မုန်လာဥကို အခွံနွှာ၍ ပါးပါးလှီးထားပါ။
၃။ငရုတ်ပွခြောက်ကိုရေစိမ်၍ အစေ့ထုတ်ကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နှင့်ရောပြီး ညက်အောင်ထောင်းထားပါ။
၄။ဒယ်အိုးထဲတွင် ဆီထည့်၍အပူပေးပြီး ဆီပူလျှင် ထောင်းထားသော အနှစ်များထည့်၍ ဆီသတ်ပါ။
၅။အနှစ်ကြွပ်ခါနီးလျှင် ငါးမဆလာထည့်၍ မွှေပြီးအနံ့မွှေးလာလျှင် ငါးရံ့ခေါင်းများနှင့် မုန်လာဥတို့ကိုထည့်လုံးပေးပါ။
၆။ငါးအသားနူးစေရန် ရေကိုနည်းနည်းချင်းစီထည့်ပေးထားပါ။
၇။ငါးအသားနူးလျှင် မန်ကျည်းမှည့်ရည်ထည့်၍တည်ပြီး အရသာစိတ်ကြိုက်မြည်းပါ။ ပွက်ပွက်ဆူလာလျှင် နံနံပင်အုပ်၍မီးပိတ်ပေးလို့ရပါပြီ။
လေးစားလျှက်..crd.
Credit မူရင်း
No comments:
Post a Comment