Skip to main content

ကော်ဖီနို့ အုန်းနို့ကျောက်ကျော


 ကော်ဖီနို့ အုန်းနို့ကျောက်ကျော

*******************

ပူလွန်းတဲ့ အခုလိုမျိုးအချိန်မှာ ချိုအေးလေးတွေဘဲ စားချင်မိတယ် ။ နေ့လည် ထမင်းစားပြီးချိန် အချိုလေး တည်းရအောင်နော် ကော်ဖီနို့ အုန်းနို့ကျောက်ကျော ချိုခါး အေးအေး လေးပါ ---မျှဝေလိုက်ပါတယ် fri တို့ရေ !!!


"ပါဝင်ပစ္စည်း"

နို့ကျောက်ကျော အတွက်

ကျောက်ကျောမှုန့်---ကော်ဖီဇွန်း ၂ဇွန်း

(AGAR-AGAR)

ႏြားနို့---နို့ဆီဘူး ၁ဘူး

ဲအုန်းနို့ရည်---နို့ဆီဘူး တစ်ဝက်

သကြား---၅ ကျပ်သား

ဆား---အနည်းငယ်


နို့ အုန်းနို့ ကျောက်ကျောလုပ်ပါမယ်

၁---အိုးတစ်လုံးထဲကို ကျောက်ကျော မှုန့် သကြား ဆား အုန်းနို့ နွားနို့ အားလုံးထည့်ပြီး ပျော်ဝင်သွားအောင်မွှေပေးပါ

၂---ပျော်သွားပြီဆိုရင် မီးဖိုပေါ်တင်ပြီး ကျိုပါမယ် မွှေနေရပါမယ် အချို လိုကထပ်ထည့်ပါ ။ ဆူလာရင်မီး လျှော့ပေးပါ ။ ခဏနေပြစ်လာရင် အခဲခံမည့် ပုံစံခွက်ထဲကို လောင်းထည့်အအေးခံပါ ။

၃---လုံးဝ အေးခဲသွားပြီဆိုရင် မိမိစိတ်ကြိုက်ပုံစံ အတုံး လေးတွေ လှီးထားပါ ။


"ပါဝင်ပစ္စည်း"

ကော်ဖီကျောက်ကျောအတွက်

ကျောက်ကျောမှုန့်---ကော်ဖီဇွန်း ၃ဇွန်း

ေရ---နို့ဆီဘူး ၂ ဘူး

သကြား---ထမင်းဇွန်း ၅ ဇွန်း

NESCAFE အမှုန့်---ကော်ဖီဇွန်း ၃ဇွန်း


ကော်ဖီကျောက်ကျောလုပ်ပါမယ်

၁---နို့ကျောက်ကျောကျိုတဲ့အိုးကို ပြောင်အောင်ဆေးပြီး ရေ ကော်ဖီမှုန့် သကြား ကျောက်ကျောမှုန့်ထည့် ပျော်ဝင်သွားအောင်မွှေပြီး မီးဖိုပေါ်တင် ဆူလာအောင် ကျိုပါ မွှေနေရပါမယ် ။ အချို အခါး ကိုစိတ်ကြိုက်ပြင်ပါ။

၂---ဆူလာပြီးရင် မီးလျှော့ပါ ခဏနေပြစ်လာတဲ့အခါ မီးဖိုပေါ်မှဖယ်ပြီး ပုံစံခွက်ထဲလောင်းထဲ့ပါ ။

၃---၁၀ မိနစ်လောက်ကြာမှ နို့ကျောက်ကျောလေးတွေကို တစ်တုံးစီယူပြီး ကော်ဖီ ကျောက်ကျောထဲကို နေရာအနှံ့ အသာလေးထည့်ပါ ။တဖြည်းဖြည်းနစ်မြုပ်သွားပါမယ် ။

အအေးခံပြီး ရေခဲသေတ္တာထဲ ထည့်ပြီး လိုသလိုလှီး ဖြတ် စားသုံးနိုင်ပါတယ် ။

အရသာရှိစွာစားသုံးနိုင်ကြပါစေ ။ ့


Creditံ6 See less

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...