🔵ငါးရံ့ခြောက်ကိုဖုတ်တဲ့နည်းလေး
သိချင်တယ်ဆိုလို့ 🔵🔵🔵
ငါးခြောက်ပြားကို
မဖုတ်ခင်အရင်ပေါင်းလိုက်
ပါတယ်.🔷..ငါးခြောက်ကမာနေတော့..ရေစိမ်လိုက်ထုလိုက်ဖုတ်
လိုက်လုပ်နေရင်အချိန်ကြာလို့..ြ
ပီးတော့အသားတွေကြေကုန်တာများလို့နှမြောလို့...🔷
🔷ဒယ်နီပေါ်မှာပေါင်းခံအိုးတင်ပီးငါးခြောက်ပြားကိုခဏပေါင်း
လိုက်တယ် .အသားလေးတွေအနည်းငယ်ပျော့သယောင်
ဖြစ်လာပီဆို..အသားပြားလေးတွေကို..ကျည်ပွေ့နဲ့သာသာလေးထုပီးမွပေးလိုက်ပီးမှ မီးအေးအေးနဲ့ ကင်ပေးလိုက်တာ...🔷
🔷ထပ်ပြီး ထုစရာမလိုတော့
နည်းနည်းလေးကြွပ်ပီးမွှေးလာရင်
လက်နဲ့အသာလေးဆွဲဖွလိုက်ရုံပဲ...
ပြီးရင်ဆီလေးစိမ်လိုက်ရုံ
ခဏခဏမထုရတော့
အသားတွေလည်းမကြေတော့
အလေလွင့်လည်းနည်းတယ်.
.စားရတာလည်းမွမွလေးနဲ့အားလုံးကျက်တယ်..
.ငါးခြောက်က အကင်မတတ်ရင်
အသားတွေကြေကုန်တာနဲ့အလေ
လွင့်တွေများလို့ဒီနည်း
လေးနဲ့ကင်ကြည့်နော်..
မကပ်အိုးရှိရင်လည်း
ကင်လို့ရပါတယ်နော်...
တစ်ချို့က ထမင်းပေါင်းအိုးထဲထမင်းမကျက်ခင်ထည့်ပေါင်းကြတယ်
အဲလို ဆိုထမင်းမှာ
ငါးခြောက်အနံ့တွေစွဲကုန်လို့
သပ်သပ်ပေါင်းတာပါ...🔵
အားလုံးအဆင်ပြေကြပါစေနော်...🔴
😍 😍
Thanks Ma Hlaing Hlaing 🙏🏻
Credit
Comments
Post a Comment