Labels

Tuesday, August 23, 2022

ဒိန်ချဉ် လုပ်နည်းလေး

 ကျန်းမာရေနဲ့ညီညွှတ်ပြီးအရသာလဲရှိအိမ်တွင်းဒိန်ချဉ်ပြုလုပ်နည်း


ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ်။

နွားနို့  ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။

ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး။

No comments:

Post a Comment