ငါးသလောက်ကိုကိုင်းခရမ်းချဉ်သီးနဲ့
အချဉ်ချက်နည်းလေးပြောမယ်နော်.
ကိုယ့်အဖွားသင်ပေးခဲ့တာပါ.
ငါးသလောက်ဆူဆူကိုသင့်တော်သလိုလေးတုံး ဆားနနွင်းအရသာမှုန့် မျှင်ငပိလေးနယ်ပီးခဏထားလိုက်နော်.
ငရုတ်ပုဂျင်းကြက်သွန်ဖြူနီမညက်တညက်လေးထောင်းမယ်. စချက်ပီနော်ဆီပူလာတာနဲ့
ကိုင်းခရမ်းချဉ်သီးလေးစိတ်ခွဲထားတာထည့်ကြော်မယ်. အနဲငယ်လေးတူးပီဆိုခဏဆယ်ထားမယ်နော်. ထောင်းထားတာတွေနာနာဆီသတ်မယ်. အရသာနယ်ထားတဲ့ ငါးထည့်လုံးမယ်. ရေစပ်စပ်လေးထည့်. အိုးလေးအသာလှုပ်ပေးပါ. ပီးရင်မန်ကျီးရည်ထည့်မယ်. နောက်ဆုံးခရမ်းချဉ်သီးကြော်ထားတာထည့်ပီး
နံနံပင်အုပ်ရင် အရမ်းကိုအရသာရှိတဲ့ အဖွားချက်နည်းလေး. စားမြိန်ကြပါစေလို့
Credit Win Htoo Aung
မူရင်းပိုင်ရှင် လေးစားစွာ Credit ပေးပါတယ်
Comments
Post a Comment