Skip to main content

ပင်လယ်စာစုံပဲကြာဇံသုပ်😋

 မေးထားတဲ့ ချစ်မိတ်ဆွေ များ အတွက် 

အပြည့်စုံဆုံး ထိုင်းအရသာ ထိုင်းစတိုင်
ပင်လယ်စာစုံပဲကြာဇံသုပ်😋ဆိုင်ရောင်းအရသာ သုပ်နည်း‼️

ခံတွင်းတွေ့ ရိုးရှင်းတဲ့ ပဲကြာဇံနဲ့ပင်လယ်စာဆိုင် 

menu သုပ်နည်း‼️

✅တဦး နဲ့ တဦး ချက်နည်း များ တူညီ မာ မဟုတ်ပါ 

အဓိက တော့ စားကောင်း ဖို့ပါဘဲ   ✅

ဒီ နည်းက ထိုင်းရှေးရိုးရာ နည်း ပါ 

😉😉😉😉😉 

ထိုင်း စတိုင်စ် ပင်လယ်စာစုံ ပဲကြာဇံသုပ် 

****************************❤️❤️❤️❤️❤️

ပဲကြာဇံ                                       150 g 

အသား  ကြက်/ ဝက်                  60 g 

ပုဇွန်  / ပင်လယ်စာ           မိမိ အကြိုက်

ကြက်သွန်နီ    ပါးပါးလှီး           ၂ လုံး

ကြက်သွန်ဖြူ  နုတ်နုတ်စင်း      ၃ မွှာ 

ဥနီ     အလှဆင်ရန်        ခြစ်ထားပါ အနည်းငယ်

ကြက်သွန်မိတ်                ပါးပါးလှီး  အနည်းငယ်

တရုတ်နံနံ                         ။        ။            ။

ငရုတ်သီး စိမ်း /အနီ        ။       ။            ။

ခရမ်းချဉ်သီး အစေ့ထုတ် ပါးပါးလှီး  ၁ လုံး

ကြက်/ ဝက်သား  က နုတ်နုတ်စင်း ထား တာ နော် 

ပဲကြာဇံ ၊ အသား ၊ပင်လယ်စာ ကို ရေဆူဆူ မာ ပြုတ် ပြီး ရေအေး နဲ့ ပြန်ဆေး ၊ ဇကာ နဲ့ စစ် ထားပါ 

ငံပြာရည်                                ၂ ထမင်းစားဇွန်း

သံပုရာရည်                             ၃   ။         ။

သကြား                                   ၁   ။         ။

ငရုတ်သီးဆော့                      ၂   ။         ။

အချိုမှုန့်    ကြိုက်ရင် ထည့်ပါ အနည်းငယ် 

ဇလုံ တလုံး မာ ရော မွှေ ပြီး  ပါဝင်ပစ္စည်း တွေ ထည့် တဲ့အခါ အသား ပင်လယ်စာ ကို အရင်ထည့်ပါ 

အရသာ ဝင်အောင်လို့ နော် 

မြေပဲ လှော် ကို အပါ် ကနေ ထည့် ကြပါသေးတယ် 

တချို့ က တော့ မထည့်ကြဘူး

ma kip ဆရာ ထိုင်း chef ကတော့ ထည့်ခိုင်းပါ 

ရေး ✍️ရင်နဲ့ တောင် သရေယို လာပြီး😋😋

အပေါ်က နေ  မြေပဲ ဆန် တင် လိုက်မယ်ဆို 

လှပ တဲ့ မျက်လုံး 👀 နဲ့ အရင်စား ပြီး အရသာ ကို ပါးစမ် နဲ့ စားလို့ ရပါပြီ

ပေါ့ပေါ့ပါးပါး   လုပ်စားကြည့်ပါ 

ချဉ်စပ် ခံတွင်းမြိန်  တဲ့ အရသာ လေးပါ🤤

အဆင်ပြေပါစေ 

ကျေးဇူးပါ 🙏

crd, photo

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...