Labels

Friday, August 19, 2022

ငရုတ်သီးစိမ်းငပိရည်ဖျော်

 


ငရုတ်သီးစိမ်းငပိရည်ဖျော် ၊  တို့စရာဖွယ်ဖွယ်ရာရာနဲ့မှ  ထမင်းစားမြိန်တဲ့သူတွေ ရှိကြလား ?

ဗိုက်ဆာသွားရင် တာဝန်မယူပါဘူးနော် 😅😋

အကြိုက်တူသူများရှိလား

ရာသီစာတို့စရာများနဲ့ငပိရည်စပ်စပ်လေး

#ကျွန်မရဲ့ငပိရည်ဖျော်နည်းလေး

ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုလှော်ပြီး

ပုစွန်ခြောက်နဲ့ထောင်းပါငပိရည်ဖျော်

မည့်ပန်းကန်ထဲကော်ထည့်ထားပါ

ရေချိုငပိကိုရေနဲ့ဆနွင်းနဲနဲထည့်ကျိုပါ

ကိုယ်ကြိုက်တဲ့အပျစ်အကျဲရောက်ရင်

ငပိစစ်ဖြင့်ငရုတ်သီးပန်းကန်ထဲစစ်ထည့်ပါ

အချိုမှုန့် (သို့ )အသားမှုန့်နဲနဲထည့်ပါ

ငပိရည်ဖျော်မွှေးမွှေးလေးရပါပြီ

ငါးကင်.ငါးပြုတ်နဲ့လဲဖျော်လို့ရပါတယ်

ခရမ်းချဉ်သီး ပြုတ်/မီးဖုတ်လဲ

ကြိုက်ရင်ထည့်လို့ရပါတယ် ကျေးဇူးပါ

Credit@ Hnin Nilar Wai

Credit : Other Photos

No comments:

Post a Comment