Skip to main content

ဘဲဥ ချဉ်ရည် ချက်

 


ဘဲဥ ချဉ်ရည် ချက်ကြမယ်နော်

ဘဲဥ               ၅လုံး

အားလူး          ၃လုံး

ရုံပတီ             ၅တောင့်

ခရမ်းချဉ်သီး    ၂လုံး(ပါးပါးလှီးထားပါ)

ကြက်သွန်နီ     ၂လုံး(          ။        )

ကြက်သွန်ဖြူ    ၄မွှာ(နုတ်၂စင်းထားပါ)

မကျည်းသီး     အနည်းငယ်

မဆလာ                 ။

ငံပြာရည်                ။

ကြက်သားမှုန့်         ။

ပျဉ်တော်သိမ်          ။

ငရုတ်သီးစိမ်း          ။

နံနံပင်                   ။

နနွင်း                    ။

ငရုတ်ပု                 ။

-ဘဲဥကို ပြုတ် ရရင် အခွံခွာပြီး ဓားနှင့်ပတ်ပတ်လည် မွှန်းပါ။

-အားလူးကို အခွံခွာ ရေဆေးပြီး အပေါ်တင်းရုံ ကြော်ထားပါ။

မန်ကျည်းသီးကိုရေဆေးရေစိမ်ထားပါ။ရုံပတီးသီးကို ရေဆေး

ထားပါ။

### ဆီအနည်းငယ်မှာ နနွင်း ကြက်သွန်နီ ကြက်သွန်ဖြူ ကို

ငရုတ်ပုထောင်းနှင့် ဆီသတ်ပြီး မဆလာ ပျဉ်တော်သိမ် ထည့်

ပါ။ခရမ်းချဉ်သီးထည့်ပါ။ရေအနည်းငယ်ထည့်၍ ကြေအောက်

မွှေပါ။ရလျှင် ဘဲဥ အားလူး ထည့်ပါ။ငံပြာရည် ကြက်သားမှုန့်

ထည့်ပါ။ရေထည့်၍တည်ထားပါ။ဆူလာပြီးအားလူးနူးလျှင် 

မန်းကျည်းရည်ထည့်ပါ၊အရသာ စိတ်ကြိုက်ပြင်ပါ။ရုံပတီးသီး

ညှပ်ထည့်ပါ။ခဏနေလျှင် ငရုတ်သီးစိမ်း နံနံပင်ထည့်၍ ရပါ

ပြီရှင်။

ချက်ကြည့်ကြစို့

#Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...