Skip to main content

အထောင်းစပ်စပ်လေးတွေ😋🌶 လုပ်နည်းလေး အစဉ်လိုက် ဖတ်ပေးပါရန်


 ထမင်းစားမြိန်အောင် အထောင်းစပ်စပ်လေးတွေ😋🌶

လုပ်နည်းလေး အစဉ်လိုက် ဖတ်ပေးပါရန်

(1) ကလားအော်သီးကြက်သွန်ဖြူထောင်း

~~~~~~~~,~~~~~~~~~~~~~~~~

       ကလားအော်သီး၅တောင့်ကြက်သွန်ဖြူ၁၀မွှာတို့ကိုလှော်ထားပါပုဇွန်ခြောက်မှုန့်ထမင်းစားဇွန်း၁ဇွန်းသံပုရာသီး၂လုံးအရည်ညှစ်ထားပါဆားနဲနဲငါးပိစိမ်းစားကင်ထမင်းစားဇွန်း၁ဇွန်းကြက်သွန်နီတလုံးပါးပါးလှီးတို့ကိုရောထောင်းထားပါတယ်ရှင့်။

Credit: KyiKyi PpK

(2) သရက်သီးအာဗြဲခြောက်ကင်ထောင်းပါတယ်ရှင့် 

~~~~~~~~~~~<<<<<<<<<<<<<<<

      ပါဝင်ပစ္စည်းများကတော့သရက်သီးစိမ်းအနေတော်၁ခြမ်းသေးသေးပေါက်ထားပါအာဗြဲခြောက်၅ကောင်ကင်ပြီးထုထားပါငရုတ်သီးစိမ်း၂၀တောင့်ရယ်ကြက်သွန်နီရယ်ကိုလှော်ထားပါငါးပိစိမ်းစားထမင်းစားဇွန်း၂ဇွန်းကိုမီးကင်ထားပါ

   အားလုံးအဆင်သင့်ဖြစ်ရင်တော့ပထမဆုံးငရုတ်သီးစိမ်းကြက်သွန်နီလှော်ထားတာထည့်ထောင်းပါသရက်သီးပေါက်ထားတာထည့်ထောင်းပါအာဗြဲခြောက်ကင်ညှပ်ထည့်ထောင်းပါငငါးပိစိမ်းစားကင်ထည့်ထောင်းပါအချိုမှုန့်ဆားနဲနဲထည့်ထောင်းပြီးရှမ်းနံနံပါးပါးညှပ်ထည့်ပြီးနှံ့အာင်မွှေပေးပြီးရင်တော့ချဉ်ချဉ်ငန်ငန်စပ်စပ်သရက်သီးစိမ်းအာဗြဲခြောက်ကင်ထောင်းမွှေးမွှေးလေးရပါပြီရှင်🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶

Credit:Kyi Kyi PpK

(3)်ပဲပြားချဉ်စပ်ပေါင်း

ပဲပြားတတုံးကိုငရုတ်သီးစိမ်း၁၅တောင့်ကြက်သွန်ဖြူ၅မွှာသံပုရာသီးတလုံးကြက်ပြုတ်ရည်စတီးဇွန်းနဲ့၁၀ဇွန်းကြက်သားမှုန့်နဲနဲသကြားနဲနဲဂျင်းအရည်နဲနဲပဲငံပြာရည်အကြည်စတီးဇွန်းနဲ့၃ဇွန်းနံနံပင်၅ပင်ခန့်လိုပါတယ်

    ပထမဆုံးပဲပြားကိုရေဆေးပြီးအနေတော်တုံးပြီးသားကိုကြက်သားမှုန့်နဲနဲသကြားနဲနဲကြက်ပြုတ်ရည်၂ဇွန်းတို့နဲ့ဖွဖွနယ်ပြီးပန်းကန်ထဲစီထည်ု့ပြီးမီးအပူ၁၆၀'နဲ့၃မိနစ်ခန့်ထည့်ပေါင်းထားပါပြီးရင်တော့ကြက်သွန်ဖြူရယ်ဂျင်းရယ်နံနံပင်ရယ်ကိုခပ်ကြမ်းကြမ်းထောင်းပါထောင်းပြီးသားထဲကိုသံပုရာရည်ဂျင်းရည်ပဲငံပြာရည်ကြက်သားမှုန့်ကြက်ပြုတ်ရည်ရောဖျော်ထားပြီးခုနကပေါင်းထားတဲ့ပဲပြားပန်ကန်ထဲအပေါ်မှဆမ်းပေးပြီး၃မိနစ်ခန့်ထပ်ပေါင်းပေးပြီးရင်တော့ပဲပြားချဉ်စပ်ပေါင်းရပါပြီ။

Credit:KyiKyi PpK

(4)မရမ်းသီးပုဇွန်ဆိတ်ထောင်းပါချင့်

~~~~~~~~~~~~~~~<<<<<<<<<

    ပါဝင်ပစ္စည်းကမရမ်းသီးကြက်သွန်နီကြက်သွန်ဖြူငါးပိစိမ်းစားကင်ပုဇွန်ဆိတ်အခွံ့ခွာထားတာလှော်ထားတာရယ်ငရုတ်သီးစိမ်းမီးကင်ရယ်ပါရှင်ပထမဆုံးဆုံထဲမှာကြက်သွန်ဖြူနီထောင်းပါတယ်ငရုတ်သီးစိမ်းလှော်ထည့်ထောင်းပါမရမ်းသီးထည့်ထောင်းပါငါးပိကင်ထည့်ထောင်းပါတဆင့်ချင်းထောင်းပါ။

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...