Skip to main content

🌿 ကောက်ညှင်း ရွှေထမင်း 🌿

 .


🌿 ကောက်ညှင်း ရွှေထမင်း 🌿

****************************

🔹 ကောက်ညှင်းဆန် ( ၄ လုံး )

🔹 မုန့်လုပ်ထညက် ( ၅၀ သား )

🔹 ဆား ( မကျီးစေ့ခန့် )

မုန့်လုပ်ထညက်ကို ကျိုပီး စစ်၍ နာရီဝက်ခန့်ထားပါ။

( အနည်ထိုင်စေရန် အတွက်ပါ )

နောက်အိုး တစ်အိုးထဲကို ခပ်ဖြည်းဖြည်း သွန်ထည့်ပါ။

အောက်မှာ အနည်ထိုင်နေတဲ့ 

မဲမဲအနည်မှုန်လေးတွေ ချန်ထားခဲ့ပါ။

ပီးရင် အတော်လေးပျစ်အောင် ထပ်ကျိုပေးပါ။

ကောက်ညှင်းဆန်ကို ညတည်းက ရေစိမ်ထားပီး

မနက်ကျရင် ပေါင်းပါ။ 

( မပျော့လွန်း မမာလွန်းတဲ့အနေအထားရှိရပါမယ်။ )

ပေါင်းပီးပီးချင်း ကောက်ညှင်းပေါင်းပူပူနဲ့

ထညက်ရည် ပူပူ ပျစ်ပျစ်တွေကို

အိုးတစ်အိုးထဲကို ရောထည့်လိုက်ပါ။ 

ဆား အနည်းငယ်ထည့်ပီး

ယောက်မ ( သို့ ) ဟင်းချက်ဇွန်းကြီးနဲ့

သမအောင် မွှေပေးပါ။

ကောက်ညှင်းနဲ့ ထညက်ရည် လုံးဝကို တသားတည်းကျသွားပီး

လုံးလုံးခဲခဲလေး ဖြစ်သွားတဲ့အထိ မွှေပေးပီးမှ

ဆီသုတ်ထားတဲ့ အောက်ခံလင်ဗန်းထဲကို ထည့်ပါ။

ပီးရင် ဗန်းထဲမှာ ညီနေအောင် ဖြန့်လိုက်ပါ။

လက်မှာ လက်အိတ်စွပ်ပီး မျက်နှာပြင်ကို ဆီသုတ်ကာ

ညီညာနေအောင် ထပ်ညှိပေးပါ။

ကျစ်နေအောင် လက်နဲ့ ဖိဖိချပေးပါ။ ရိုက် ရိုက် ပေးပါ။

အတော်လေး ဖိချပီးရင် ရပါပီ။

ပီးရင် အအေးခံထားလိုက်ပါ။

လုံးဝအေးသွားမှ လှီးလို့ ရပါမယ်။

အနည်းဆုံးတော့ နေ့တစ်ဝက်ထားရပါမယ်။

တစ်ညထားရင် ပိုကောင်းပါတယ်။ 

ပီးရင်တော့ မိမိကြိုက်တဲ့ ပုံစံလေးလှီးပီး

အုန်းသီးဖြူးကာ စားသုံးနိုင်ပါပီ။

_______________________________

မျက်နှာပြင်ကို ဆီသုတ်ပီး

သစ်သား ဒလိမ့်တုံးနဲ့ လှိမ့်လို့လည်း ရပေမယ့်

လက်မှာ ဆီသုတ်ပီးညှိပေးတာကို ကျမ ပိုကြိုက်ပါတယ်။ 

ခပ်နာနာလေး ဖိပေး ရိုက်ပေးမှ

သိပ်သိပ် ကျစ်ကျစ်လေးနဲ့ လှီးလို့ ကောင်းတာပါ။ 

ကောက်ညှင်းပေါင်းတဲ့အခါ လုံးဝမာလို့ မရပါဘူး။

မာသွားရင် ရွှေထမင်းဖြစ်တဲ့အခါ

မာမာခေါက်ခေါက်ကြီးနဲ့ စားမကောင်းတော့ပါဘူး။

အကယ်၍ မာနေတယ်ထင်ရင် 

ကောက်ညှင်းဆန်နဲ့ ထညက်ရည်ကို ရောပြီး မီဖိုပေါ်တင်ကာ

မီးအေးအေးနဲ့ စီးထွေးလာအောင် မွှေပေးပြီးမှ

ဗန်းထဲထည့်၍ အအေးခံပေးပါရှင်။

အချိုလေးလေး ကြိုက်သူများကတော့

ထညက် ၁၀ သား ပိုထည့်ပေးလို့ရပါတယ်​ရှင့်။

Crd😋

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...