Labels

Sunday, August 21, 2022

သာကူမုန့်ဖက်ထုပ်


သာကူမုန့်ဖက်ထုပ်

-----------------

သာကူ ၂ထုပ်

အုန်းသီး ၁ လုံး (ခြစ်ထားပါ)

သကြား ၃၀သား (အချိုကြိုက်ရင်ပိုထည့်)

ဆားအနည်းငယ် 

ပြုလုပ်နည်း 

အုန်းယိုအရင်ထိုးမယ်နော်

အုန်းသီး သကြား ဆားအနည်းငယ်ထည့် မီးဖိုပေါ်တင်

မီးအေးအေးနဲ့ပုံမှန်လေးမွှေပေးပါ စေးလာရင်ရဘီ အအေးခံထားပါ 

သာကူကို ဇလုံထဲထည့် ရေဆေးဘီ ရေစစ်ထားပါ ရေစစ်ပြီရင်ရေနဲနြဲပန်ထည့်ပေးမယ်နော် (ရေစိမ်ရင် ပွပြဲကုန်မှာဆိုးလို့)

ဌက်ပျောဖက်ကို နေလှန်း  အဝတ်သန့်ဖြင့်သုပ်ပီး ဆီသုပ်ထားပါ၊

ဌက်ပျောဖက်တခုယူ ..ကတော့ပုံချိုး သာကူ ထည့် အုန်းယိုထည့်ပြီ  သာကူနဲ့ပြန်ဖုံးပေးပါ ထိပ်ဘက်ကို ကန်တော့ချိုးခေါက်သလို ခေါက်ပီးပိတ်ပါ။ မုန့်လုပ်နေတုန်းမှာရေနွေးတည်ထားပါပြီးတာနဲ့ရေဆူတာ ကွက်တိ

ရေဆူဆူမှာ နာရီဝက် ခန့်ပေါင်းပါ။

Crd😋 

No comments:

Post a Comment