ရှောက်သီးသုပ်( ရခိုင်သုပ် )🤤
ဘာစားစား အရသာမရှိ ခံတွင်းမတွေ့ရင်ဒီလိုလေးသုပ်စားကြည့်နော် ရှူးရှူးရှဲရှဲစပ်စပ်ရခိုင်သုပ်လေးနဲ့ ဟင်းရည်ပူပူလေးတစ်ခွက်ဆို အရမ်းလိုက်ဖတ်ပီး အောင်းနေတဲ့ချွေးတွေပါထွက်ပီး လူကို နေလို့ထိုင်လို့ကောင်းစေပါတယ်။
ရှောက်သီးမျှင်
ပုစွန်ငါးပိ,ပုစွန်ခြောက်မှုန့်,ဟင်းခပ်မှုန့်
ငရုတ်သီးစိမ်းလှော်ထောင်း, ကြက်သွန်နီ ပါးပါးလေး လှီးပါ။
အားလုံးရောနယ်ပီး ချဉ် ငံ စပ် သုပ်စားတာပါ။
ငရုတ်သီးစိမ်းကတော့ လှော်ထောင်းပီး ထည့်တာပါ။
အချို့ကတော့ ပြုတ်ထောင်းကြပါတယ်။
ငါးပျိဖုတျ ( သို့ ) ပုစှနျငါးပိထောငျး မိမိ နှစျသကျရာထညျ့ပါ။
အချို့ကတော့ ပုစွန်ခြောက်မှုန့် မထည့်ပါဘူး။
ကျွန်မကတော့ ကြိုက်လို့ထည့်သုပ်တာပါရှင်။
crd😋
No comments:
Post a Comment